မြန်မာအရေးတွေ ဆိုပေးဖို့ အစိုးရက လော်ဘီငှားရမ်း

(Credit: ABC) 
 မြန်မာနိုင်ငံ ​အစိုးရက ​နိုင်ငံတကာမှာ ​သူတို့အတွက် ​အရေးဆိုပေးမယ့် ​လော်ဘီသမားတွေကို ​ဒေါ်လာ ​ရှစ်သိန်းခွဲနီးပါး ​ပေးပြီး ​ငှားရမ်းခဲ့တယ်လို့ ​သိရပါတယ်။

Podesta ​Group ​ဆိုတဲ့ ​အဖွဲ့ကို ​ငှားရမ်းခဲ့တာ ​ဖြစ်ပြီး ​မြန်မာ ​အစိုးရ ​ကောင်းကြောင်းတွေကို ​နိုင်ငံတကာက ​သိအောင် ​အရေးဆို ​လှုံ့ဆော်ဖို့အတွက် ​ငှားရမ်းလိုက်တာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် ​အရေးကြီးလှတဲ့ ​ရွေးကောက်ပွဲ ​မကျင်းပခင်မှာ ​အခုလို ​ငှားရမ်းလိုက်တာပါ။

အမေရိကန်နိုင်ငံရေး ​သမားတွေ ​မြန်မာ ​အစိုးရအပေါ် ​နားလည်မှု ​နည်းပါးတာတွေကြောင့် ​မြန်မာအစိုးရအကြောင်း ​ပိုသိလာအောင် ​ကြားမှာ ​လော်ဘီ ​လုပ်ပေးမယ့် ​လူတွေကို ​ငှားရမ်းတာလို့ ​ပြောဆိုကြပါတယ်။

Podesta ​Group ​အနေနဲ့ ​မြန်မာနဲ့ ​အမေရိကန် ​နှစ်နိုင်ငံအကြား ​ဆက်ဆံရေးမှာ ​ကူညီပေးမှာ ​ဖြစ်သလို ​မီဒီယာနဲ့ ​ပတ်သက်လာရင်လည်း ​ကူညီကိုင်တွယ်ပေးမယ်လို့ ​ဖော်ပြထားပါတယ်။

နိုင်ငံတကာမှာ ​အရေးဆိုပေးဖို့ ​လော်ဘီသမားတွေကို ​မြန်မာ ​အစိုးရက ​၁၉၉၀ ​ပြည့်နှစ်တွေနဲ့ ​၁၉၅၀ ​ပြည့်နှစ်တွေတုန်းက ​ငှားရမ်းခဲ့ဖူးသလို ​ယှဉ်ပြိုင်အစိုးရ ​ဖြစ်ခဲ့တဲ့ ​NCGUB ​မြန်မာနိုင်ငံ ​ညွှန့်ပေါင်း ​အစိုးရ ​အဖွဲ့လည်း ​ငှားရမ်းခဲ့ဖူးတယ်လို့ ​The ​Hill ​သတင်းမှာ ​ဖော်ပြထား ​ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မြန်မာအရေးတွေ ဆိုပေးဖို့ အစိုးရက လော်ဘီငှားရမ်း  မြန်မာအရေးတွေ ဆိုပေးဖို့ အစိုးရက လော်ဘီငှားရမ်း Reviewed by သစ်ထူးလွင် on 14:10 Rating: 5
Powered by Blogger.