ဂျီနီဗာ ဧပြီ ၁၂
ဘေးဥပဒ်ကျရောက်နေသော တရားမဝင်ရွှေ့ပြောင်း အခြေစိုက်နေထိုင်သူများကို ကယ်တင်ပေးနိုင်ရန် နယ် စည်းမခြား ဆရာဝန်များအဖွဲ့က မြေထဲပင်လယ်အတွင်း ကယ်ဆယ်ရေးရေယာဉ်တစ်စင်းကိုအသုံးပြု၍ လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ကြေညာချက်ကို ကိုးကားလျက် ဒေသဆိုင်ရာ သတင်းဌာန များက ဧပြီ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပရဟိတ အဖွဲ့အစည်းတစ်ရပ်ဖြစ်သော နယ်စည်းမခြားဆရာဝန်များ အဖွဲ့သည် ပင်လယ်ပြင်အတွင်း ဘေးဒုက္ခရောက်နေသူများ အား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော်တော့မည် ဖြစ်သည်။
မေလမှ အောက်တိုဘာလအထိကာလတွင် မြေထဲ ပင်လယ်အတွင်း ကင်းလှည့်မည့် ကယ်ဆယ်ရေးသင်္ဘော နှင့်အတူ ဆရာဝန်များလိုက်ပါလာမည်ဖြစ်ပြီး ဒုက္ခသည် များအား ရှာဖွေခြင်း၊ ကယ်တင်ခြင်းနှင့် လူနာများအား လေကြောင်းမှ ပို့ဆောင်ပေးခြင်းလုပ်ငန်းများတွင် ပါဝင်ကူညီကြမည်ဖြစ်သည်။
အာဖရိကမြောက်ပိုင်းဒေသနှင့် အရှေ့အလယ်ပိုင်း ဒေသတို့မှ လူထောင်ပေါင်းများစွာသည် နှစ်စဉ် ပွင့်လင်း ရာသီရောက်တိုင်း ဥရောပနိုင်ငံများ၌ ဒုက္ခသည်များအဖြစ် ခိုလှုံခွင့်ရရှိရန် မြေထဲပင်လယ်ကိုဖြတ်သန်းကာ မော်တော်ဘုတ်ငယ်များဖြင့် စွန့်စွန့်စားစား ခရီးနှင်ကြလေ့ရှိသည်။ ပြည်တွင်းစစ်ဖြစ်ပွားခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံ ရမှုများကြောင့် မိခင်နိုင်ငံကိုစွန့်ခွာကာ ပြည်ပ၌ ရွှေ့ပြောင်းအခြေစိုက်နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းကြလေ့ရှိသည်။
၂ဝ၁၄ ခုနှစ်တွင် ပင်လယ်ခရီးနှင်နေချိန်အတွင်း သေဆုံးရသူ ၃၄ဝဝ ကျော်ရှိခဲ့ကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ပြောကြားသည်။
ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပင်လယ်ပြင်တွင် ဘေးဥပဒ်ကျရောက် နေသူများကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ကူညီမည်
Reviewed by သစ်ထူးလွင်
on
02:08
Rating: