နားချစည်းရုံးမယ့် အဖွဲ့တစ်ခု မြန်မာအစိုးရ ဌားရမ်း

ဓါတ်ပုံ - google images

 မြန်မာအစိုးရက အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့အခြေစိုက် Podesta Group ဆိုတဲ့အဖွဲ့ကို သူတို့ကိုယ်စားနိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ နားချစည်းရုံးရေးလုပ်ပေးဖို့ အမေရိကန်ဒေါ်လာ ၈ သိန်း ၄ သောင်းနဲ့ တနှစ်စာ ငှားရမ်းစာချုပ်ချုပ်လိုက်တယ်လို့ The Hill သတင်းစာမှာမနေ့က ဖေါ်ပြလိုက်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ မြန်မာအစိုးရက အမေရိကန်အခြေစိုက်အဖွဲ့ကို အလုပ်အပ်လိုက်တာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေက အလွန်အရေးပါပြီး မမျှော်လင့်တဲ့ အကျိုးဆက်တွေ အများကြီးပေါ်လာနိုင်တဲ့ကာလဖြစ်တဲ့အတွက် Podesta  လိုနာမည်ကြီးအဖွဲ့တစ်ခုကိုဌားရမ်းလိုက်တာဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံဟောင်း မစ္စပရစ်စီလာကလက်  Priscilla Clapp ကပြောပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရေးအသိုင်းအဝိုင်းကို ထိုးဖေါက်ဖို့အတွက် သူတို့ကိုယ်တိုင် ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိလို့ပါပဲလို့လည်း သူက သုံးသပ်ပြောဆိုပါတယ်။

အခုဌားရမ်းတဲ့ စည်းရုံးရေးအဖွဲ့ကို မြန်မာအစိုးရက သုံးလတစ်ကြိမ် ဒေါ်လာ နှစ်သိန်းတစ်သောင်းပေးရမယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
နားချစည်းရုံးမယ့် အဖွဲ့တစ်ခု မြန်မာအစိုးရ ဌားရမ်း  နားချစည်းရုံးမယ့် အဖွဲ့တစ်ခု မြန်မာအစိုးရ ဌားရမ်း Reviewed by သစ်ထူးလွင် on 10:45 Rating: 5
Powered by Blogger.