တန်ဖိုးကြီး ဗုဒ္ဓဆင်းထုတော်တစ်ဆူ ဘင်္ဂလာနယ်စပ်တွင် ဖမ်းမိ


 ဘင်္ဂလာဒေခ်ျ့ တာကာငွေ ၆ ကုဋေ တန်ဖိုးရှိ ကျောက်ဆင်းထု ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ဘင်္ဂလာ-  မြန်မာနယ်စပ် တွင် ဘင်္ဂလာရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ ရုပ်ပွားတော်ကို မြန်မာနယ်စပ် အနီးရှိ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အိုခီးယားမြို့နယ်ဇာလီယာပါလောင် မြောက်ချောနဆိုရီ ကျေးရွာမှ ဆွေယက်အာလာမ်နေအိမ်မှ ရှာဖွေ ဖမ်းဆီးရမိသည်ဟု ရဲက ဆိုသည်။

လွန်ခဲ့သော တနင်္လာနေ့ ညနေက သတင်းအရ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခြင်း ဖြစ် ကြောင်း ကော့စ်ဘာဇား တင်းတပုဒ်တွင် ဖော်ပြသည်။

အဆိုပါ ကျောက်ဆင်းထု ရုပ်ပွားတော်ကို ဂုံနီအိပ်နှင့် ထည့်ပြီး နေအိမ်အတွင်း အိပ်ကုတင် အောက်တွင်ကျင်းတူးပြီးမြုပ်နှံထားရာမှ သတင်းအရ ရှာဖွေရာတွင် တူးဖော်တွေ့ ရှိခြင်း ဖြစ်သည်။

ယခု ဖမ်းမိသည့် ရုပ်ထုတော်တွင် B.R ၁၇၉၉ ခုနှစ်ဟု စာတန်းရေးထိုးပါရှိသည်ဟု အိုခီးယားရဲစခန်းမှ အရာရှိ တစ်ဦးဖြစ်သူ ဇာဟီရ်ရူလ်အီစ္စလာမ်ခမ်းမှ မီဒီယာများသို့ ပြောဆိုသည်။

ရဲတပ်ဖွဲ့မှ သတင်းအရ သွားရောက်ရှာဖွေစဉ် အိမ်ရှင်ဖြစ်သူ ဆွေယက်အာလာမ်မှာ ထွက်ပြေးလွတ် မြောက် သွားပြီး ဇနီးဖြစ်သူ ဆာယေယာခါတုန်ကို ဖမ်းဆီးထားကြောင်း သိရသည်။

ဖမ်းဆီးခံနေရသည့် ဆာယေယာခါတုန်က ယခုဖမ်းဆီးရမိသည့် ဗုဒ္ဓဆင်းထုမှာ သူမတို့ ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ အမည်မသိ လူတစုမှ မကြာမီပြန်လာမည်ဟုဆိုကာ အပ်နှံသွားခြင်းဖြစ်သည်ဟု  သတင်းထောက်များကို ပြောဆိုသည်။

ယခုဆင်းထုတော်မှာ ရခိုင်ပြည်နယ်ဘက်မှ ယူဆောင်လာသော ရုပ်ထုတော်လား (သို့မဟုတ်) ဘင်္ဂလာဒေခ်ျ့မှ ရရှိသော ရုပ်ထုတော်လားဆိုသည်ကို သဲကွဲစွာ မသိရှိရသေးကြောင်း သတင်း ရရှိသည်။

နိရဉ္စရာ
http://www.narinjara.com/burmese
တန်ဖိုးကြီး ဗုဒ္ဓဆင်းထုတော်တစ်ဆူ ဘင်္ဂလာနယ်စပ်တွင် ဖမ်းမိ  တန်ဖိုးကြီး ဗုဒ္ဓဆင်းထုတော်တစ်ဆူ ဘင်္ဂလာနယ်စပ်တွင် ဖမ်းမိ Reviewed by သစ်ထူးလွင် on 20:07 Rating: 5
Powered by Blogger.