ပြည်ပကို သွားရခက်တဲ့ ပတ်စ်ပို့ထဲ မြန်မာထိပ်ဆုံးပါ

နိုင်ငံတကာကို သွားလာရ အလွယ်ကူဆုံးနိုင်ငံတွေက ဗြိတိန်နဲ့ အမေရိကန် ပတ်စ်ပို့တွေ ဖြစ်ပါတယ်။ (ဓာတ်ပုံ - Flickr) (Credit: ABC Licensed) 
နိုင်ငံတကာကို ​သွားလာရ ​အခက်ခဲဆုံး ​နိုင်ငံကူး ​လက်မှတ်တွေထဲမှာ ​မြန်မာနိုင်ငံ ​ပါဝင်နေပါတယ်။

နိုင်ငံတကာနဲ့ ​ဆက်ဆံမှု ​နည်းတဲ့ ​နိုင်ငံဟာ ​နိုင်ငံတကာအပေါ် ​လွှမ်းမိုးမှုလည်း ​နည်းပါး ​တဲ့အတွက် ​နိုင်ငံတကာက ​လက်ခံမှု ​နည်းပါးခြင်း ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ​သားတွေလိုပဲ ​တခြားနိုင်ငံကို ​သွားဖို့အတွက် ​ဗီဇာတွေ ​အဆင့်ဆင့် ​ငွေကုန်ကြေးကျခံပြီး ​တောင်းရတဲ့ ​နိုင်ငံတွေကတော့ ​တောင်ဆူဒန်၊ ​ဆော်လမွန်ကျွန်းနိုင်ငံ၊ ​ပါလစ္စတိုင်း ​ဒေသတို့ ​ဖြစ်ပါတယ်။

ဒါကတော့ ​နိုင်ငံပေါင်း ​၂၈ ​နိုင်ငံကိုသာ ​လွတ်လပ်စွာ ​သွားလာခွင့် ​ရထားတာပါ။

မြန်မာနဲ့ ​ဆန့်ကျင်စွာ ​ကမ္ဘာပေါ်က ​သြဇာလွှမ်းမိုးမှု ​အရှိဆုံး ​နိုင်ငံကူးလက်မှတ်တွေကို ​ကြည့်လိုက်တဲ့အခါမှာတော့ ​ဗြိတိန်နဲ့ ​အမေရိကန် ​နိုင်ငံကူး ​လက်မှတ်တွေက ​ထိပ်ဆုံးနေရာမှာ ​ရှိနေပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ​၁၉၀ ​ကျော်ထဲက ​၁၄၇ ​နိုင်ငံကို ​ဗီဇာမလိုပဲ ​သွားလာနိုင်တာ ​ဖြစ်ပါတယ်။

ဒုတိယ ​သွားလာရ ​အလွယ်ကူဆုံး ​ပတ်စ်ပို့ကတော့ ​ပြင်သစ်၊ ​တောင်ကိုရီးယားနဲ့ ​ဂျာမနီနိုင်ငံတို့ ​ဖြစ်ပြီး ​၁၄၅ ​နိုင်ငံကို ​အလွယ်တကူ ​သွားလာနိုင်တာ ​ဖြစ်ပါတယ်။

တတိယနေရာမှာ ​အီတလီနဲ့ ​ဆွီဒင် ​နိုင်ငံတို့ ​ဖြစ်ပါတယ်။

သြစတြေးလျ ​နိုင်ငံရဲ့ ​နိုင်ငံကူး ​လက်မှတ်ကတော့ ​သွားလာရ ​အလွယ်ကူဆုံး ​ နံပါတ် ​ကိုး ​အဆင့်မှာ ​ရှိနေတာပါ။

နိုင်ငံတကာ ​ဆက်ဆံရေးကို ​တခြားနည်းတွေနဲ့သာ ​တိုင်းသာလေ့ရှိပေမယ့် ​Arton ​Capital ​ဆို ​ငွေရေးကြေးရေး ​အကြံပေးအဖွဲ့က ​ပတ်စ်ပို့ ​နိုင်ငံကူး ​လက်မှတ်တွေရဲ့ ​သြဇာလွှမ်းမိုးမှုကို ​ကြည့်ပြီး ​နိုင်ငံတစ်နိုင်ငံရဲ့ ​နိုင်ငံတကာ ​ဆက်ဆံရေးကို ​လေ့လာခဲ့ပါတယ်။

နိုင်ငံတကာနဲ့ ​ဆက်ဆံမှု ​များတဲ့ ​နိုင်ငံက ​နိုင်ငံကူး ​လက်မှတ်တွေကို ​နိုင်ငံတကာမှာ ​လက်ခံလေ့ရှိ ​ပါတယ်။

အဲဒီလို ​အများက ​လက်ခံတဲ့ ​နိုင်ငံက ​နိုင်ငံသူ ​နိုင်ငံသားတွေဟာလည်း ​တခြားနိုင်ငံကို ​သွားရင် ​ပြည်ဝင်ခွင့် ​တောင်းစရာ ​မလိုတာတွေ၊ ​ပြည်ဝင်ခွင့်ဗီဇာအတွက် ​ငွေကြေး ​ပေးဆောင်စရာ ​မလိုတာတွေ ​ကြုံရလေ့ရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ပြည်ပကို သွားရခက်တဲ့ ပတ်စ်ပို့ထဲ မြန်မာထိပ်ဆုံးပါ  ပြည်ပကို သွားရခက်တဲ့ ပတ်စ်ပို့ထဲ မြန်မာထိပ်ဆုံးပါ Reviewed by သစ်ထူးလွင် on 13:44 Rating: 5
Powered by Blogger.