တောင်အာဖရိက လူမျိုးရေးပဋိပက္ခ သေဆုံးသူ ၈ ဦးရှိ


 တောင်အာဖရိကနိုင်ငံမှာ နိုင်ငံခြားသားနောက်ထပ် ၂ ယောက် ဧပြီ ၁၈ ရက်က တိုက်ခိုက်ခံရပြီး သေဆုံး သွားလို့ မတ်လကုန်ပိုင်းက စတင်ခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်းကြောင့် သေဆုံးသူ ၈ ဦး ရှိသွားပြီလို့ ရဲအဖွဲ့က ပြောပါတယ်။

သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာကတော့ အတည်ပြုရဦးမယ်လို့ ဆိုပါတယ်။

အရင်တပတ်က စလို့ မြို့တော် ဂျိုဟန်နက်စဘာ့ဂ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတာကြောင့် လမ်းတွေမှာ ရဲတွေက လုံခြုံရေးကို အထူးကြပ်မတ် နေရပါတယ်။

မြို့ပေါ်က နိုင်ငံခြားသားတွေ ပိုင်တဲ့ ဆိုင်တွေ လုယက်ခံရပြီးနောက် လူမည်းတွေ အနေများတဲ့ အလက်ဇန္ဒားမြို့နယ်ထဲမှာ ယာယီဆိုင်တွေကို ဖွင့်ထားကြပါတယ်။

လွန်ခဲ့တဲ့ ၁၂ နှစ်ကတည်းက နိုင်ဂျီရီးယားကနေ လာပြီး အ၀တ်ချုပ်ဆိုင်ဖွင့်ထားတဲ့ ဒိုကာက အခု ဖြစ်ပျက်နေ တာတွေကို နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ပြောပါတယ်။

နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် အာဖရိက ပြောင်းရွှေ့ အခြေချသူတွေ သာမက၊ တောင်အာဖရိကမှာ စီးပွားသွားရှာကြတဲ့ တရုတ်လူမျိုးတွေပါ ဒုက္ခ ရောက်နေကြပါတယ်။

လုယက်မယ်ဆိုတဲ့ သတင်းကြောင့် ဂျိုဟန်နက်စဘာ့ဂ်မြို့ပေါ်က တရုတ်တန်းမှာ ဆိုင်တွေ ပိတ်ထားပြီး ခြောက်ကပ်နေပြီလို့ တရုတ်လူမျိုး ဈေးဆိုင်ပိုင်ဆိုင်ရှင်တွေက ပြောပါတယ်။

တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားကလည်း ပြည်တွင်းပြသနာကြောင့် အင်ဒိုနိးရှားခရီးစဉ်ကို ဖျက်သိမ်း လိုက်ရပါတယ်။

ဧပြီ ၁၈ ရက်နေ့မှာ ဒါဘန်းမြို့က နိုင်ငံခြားသားတွေ ခိုလှုံနေတဲ့ ယာယီစခန်းကို သွားရောက် ကြည့်ရှု့ခဲ့ပြီး အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် ဖြေရှင်းဖို့ ရဲအဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။

  By ဒီဗွီဘီ
http://burmese.dvb.no
တောင်အာဖရိက လူမျိုးရေးပဋိပက္ခ သေဆုံးသူ ၈ ဦးရှိ  တောင်အာဖရိက လူမျိုးရေးပဋိပက္ခ သေဆုံးသူ ၈ ဦးရှိ Reviewed by သစ်ထူးလွင် on 10:22 Rating: 5
Powered by Blogger.