ထိုင်း-မြန်မာနယ်စပ် ကုန်းကျော်ဒုက္ခသည်စခန်းသို့ အမေရိကန်သံအဖွဲ့ လည်ပတ်

 ကုန်းကျော်ဒုက္ခသည်စခန်းသို့ အမေရိကန်သံအဖွဲ့ လည်ပတ်
အမေရိကန်သံအဖွဲ့အား ကုန်းကျော်ဒုက္ခသည်စခန်းမှ ဥက္ကဌ စိုင်းလျဲန်းက ကြိုဆို
 ဧပြီလ ၂၉ ရက် ၂၀၁၅

သျှမ်းပြည်အနယ်နယ်အရပ်ရပ်က စစ်ပြေးရှောင် လူထုခိုလှုံနေထိုင်သည့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု ကုန်းကျော်ဒုက္ခသည်စခန်းကို အမေရိကန်နိုင်ငံသံအမတ် Mr. Michael Heath နှင့် အဖွဲ့က သွားရောက်လည်ပတ်ခဲ့ပါသည်။

သံအမတ်နှင့်အဖွဲ့သည် ထိုင်း- မြန်မာနယ်ခြား လတ်တိုင်ရွာရှိ ဝပ်ဖဝိန်းအင်းသို့ ဧပြီလ ၂၈ ရက် မွန်း တည့်ချိန်က ရောက်ရှိခဲ့ကြရာ ကုန်းကျော်ဒုက္ခသည်စခန်းမှ ဥက္ကဌ စိုင်းလျဲန်းနှင့် အဖွဲ့က ကြိုဆိုပါ သည်။

“သူတို့က ဒုက္ခသည်စခန်းထဲအခြေအနေနဲ့ ထိုင်း- မြန်မာ နယ်စပ်အခြေအနေသိချင်လို့ လာတာပါတဲ့။ အိမ်ပြန်ချင်တဲ့ဒုက္ခသည်ရှိလားလို့ လာမေးပါတယ်။ ပြန်ချင်တဲ့လူ မရှိဘူးလို့ တင်ပြခဲ့ပါ တယ်။ ဒီခရီးစဉ်က စခန်းထဲက ကလေးတွေပညာရေးကိုလေ့လာဖို့ဖြစ်တဲ့အတွက် ကျောင်းသုံးပစ္စည်းတွေ ကို ထောက်ပံ့ သွားပါတယ်။” ဟု ကုန်းကျော်ဒုက္ခသည်စခန်းမှ တာဝန်ရှိပုဂ္ဂိုလ် စိုင်းလျဲန်း က သျှမ်းသံ တော်ဆင့်အားပြောပြသည်။

သံအမတ်နှင့်အဖွဲ့သည် ဒုက္ခသည်စခန်းမှ ညနေ ၃ နာရီခန့်တွင်ထွက်ခွါသွားသည်ဟု လိုက်ပါကြိုဆိုသူ တဦးကပြောသည်။

ကုန်းကျော် ဒုက္ခသည်စခန်းတွင် သျှမ်းပြည်မှ စစ်ပြေးဒုက္ခသည် မိသားစုပေါင်း ၁၀၀ ကျော် (လူဦးရေ ၄၀၀ ကျော်) ခိုလှုံနေထိုင်သည်ဟုလည်း သိရပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

ထိုင်း-မြန်မာနယ်စပ် ကုန်းကျော်ဒုက္ခသည်စခန်းသို့ အမေရိကန်သံအဖွဲ့ လည်ပတ်  ထိုင်း-မြန်မာနယ်စပ် ကုန်းကျော်ဒုက္ခသည်စခန်းသို့ အမေရိကန်သံအဖွဲ့ လည်ပတ် Reviewed by သစ်ထူးလွင် on 06:09 Rating: 5
Powered by Blogger.