မိန်းမလှကျွန်းတောထဲ၌ ဓားခုတ်မှုဖြစ်


 ဘိုကလေး ဧပြီ ၁၈

 ဧပြီ ၃ ရက် ည ၁၂ နာရီခန့်က ဘိုကလေး မြို့မရဲစခန်း၌ ဒုရဲမှူး စောစိုးမိုး စခန်းမှူးတာဝန်ဆောင် ရွက်နေစဉ် ဘိုကလေးမြို့နယ် မိန်းမလှကျွန်းတောထဲတွင် လူသတ် မှုဖြစ်ပွား၍ ပြစ်မှုကျူးလွန်သူအား ထိန်းသိမ်းထားကြောင်း သတင်းအရ စက်ဆန်းနယ်မြေရဲစခန်းသို့ သွား ရောက်စစ်ဆေးခဲ့သည်။

အမှုဖြစ်စဉ်မှာ ဧပြီ ၃ ရက် နံနက် ၁ နာရီခန့်တွင် စက်ဆန်း ကျေးရွာအုပ်စု သုခဝတီမြစ်တန်း ကျေးရွာနေ ချစ်ကို၊ မလုံးလုံး(၁၃ နှစ်)၊ ဦးသန်းမြင့်၊ ဒေါ်သန်းအေး တို့လေးဦးသည် လှေတစ်စင်းဖြင့် မိန်းမလှကျွန်းတောထဲ၌ မဒမပင် ခြောက်များခုတ်/ နုတ်ရန်ထွက်သွား ခဲ့ကြောင်း၊ နံနက် ၂ နာရီခန့်တွင် ၄င်းတို့လေးဦးသည် မိန်းမလှကျွန်း တောသို့ရောက်ရှိသွားခဲ့ပြီး ညအိပ် ခဲ့ကြောင်း၊ နံနက် ၇ နာရီခန့်တွင် ၄င်းတို့သည်အိပ်ရာမှထ၍ မိန်းမလှ ကျွန်းထဲ၌ ချစ်ကိုနှင့်မလုံးလုံးတို့က တစ်နေရာ၊ ဦးသန်းမြင့်၊ ဒေါ်သန်း အေးတို့က တစ်နေရာ မဒမပင်ခြောက် များကို လိုက်လံခုတ်ခဲ့ကြောင်း၊ နံနက် ၉ နာရီခန့်တွင် ချစ်ကိုမှာကျန်းမာရေး မကောင်း၍ တောထဲ၌အိပ်နေစဉ် စိတ်ထဲတွင် လူတစ်ဦးကလည်ပင်း ကို ညှစ်မည့်ပုံစံကို မြင်ရသဖြင့် ရုတ်တရက်လန့်နိုးကာ အနီးရှိ ကိုင်း ခုတ်ဓားရှည်ကိုယူ၍ ဘေးတွင်ထိုင်နေ သော မလုံးလုံးကို ဓားဖြင့်နှစ်ချက် ခုတ်ခဲ့ကြောင်း၊ ထို့နောက် ချစ်ကို မှာသတိပြန်လည်၍ ပုံမှန်ဖြစ်ချိန်တွင် မလုံးလုံးမှာသေဆုံးနေသည်ကိုတွေ့ရ၍ လူတစ်ခေါ်ခန့်ဝေးသော ဦးသန်း မြင့်၊ ဒေါ်သန်းအေးတို့ထံ သွားရောက် ကာ ဖြစ်စဉ်ကိုပြောပြခဲ့ပြီး ၄င်းတို့ သုံးဦး သုခဝတီမြစ်တန်းရွာသို့ လှေဖြင့် ပြန်ခဲ့ကြောင်း၊ ရွာသို့အရောက်တွင် ချစ်ကိုအား ကိုနိုင်သူ၊ ကိုကျော်နိုင် တို့က စက်ဆန်းနယ်မြေရဲစခန်းသို့ ခေါ်ဆောင်ပို့ အပ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

ထို့နောက် စက်ဆန်းအုပ်ချုပ် ရေးမှူး ဦးထိန်ဝင်း၊ ဦးသန်းမြင့်တို့နှင့် အတူ အခင်းဖြစ်နေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ မိန်းမလှကျွန်း အတွင်းရှိ ဘုရားချောင်းနှင့် ကိုက် ၂ဝဝ ခန့်အကွာ သီလရှင်ကွင်း တောထဲ၌ မလုံးလုံးမှာ ဒဏ်ရာများဖြင့် သေဆုံးနေပြီး ၄င်းအနီးတွင် သွေးစွန်း နေသော ကိုင်းခုတ်ဓား တစ်လက်ကို တွေ့ရှိ သိမ်းဆည်းကာ အလောင်းကို ရဲဆေးစာဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ သည်။

ဖြစ်စဉ်အရ မလုံးလုံးအား ဓား ဖြင့်ခုတ်ခဲ့သူ ချစ်ကို(၂၅ နှစ်)ကို ဘိုကလေး မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 ဌေးနိုင်(ဘိုကလေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိန်းမလှကျွန်းတောထဲ၌ ဓားခုတ်မှုဖြစ်  မိန်းမလှကျွန်းတောထဲ၌ ဓားခုတ်မှုဖြစ် Reviewed by သစ်ထူးလွင် on 02:32 Rating: 5
Powered by Blogger.