Light Truck ယာဉ်ကို မန်းရွှေပြည် Express နောက်ကနေ ၀င်တိုက်မိ၊ သေဆုံး ဒဏ်ရာရ




မိုင်တိုင် ၁၇၅/၆ နှင့် ၇ ကြား ယာဉ်မတော်တဆမှုဖြစ်ပွား

၂၂.၃.၂၀၁၅ ရက် နံနက် ၀၁း၅၀ အချိန်ခန့် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၇၅/၆ နှင့် ၁၇၅/၇ ကြား အပြန်လမ်း တွင် ဦးထင်လင်းဦး မောင်းနှင်လာသည့် ယာဉ်အမှတ် 3H/×××× မန်းရွှေပြည် Express ယာဉ်သည် ဦးရွှေဘ မောင်းနှင်လာသည့် ယာဉ်အမှတ် ၈ဃ/×××× Light Truck ယာဉ်အား
အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်တိုက်ခဲ့သဖြင့် Light Truck ယာဉ်မှာ လမ်းညာဘက် မြေသားလမ်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။

Express ယာဉ်ပေါ်တွင် ခရီးသည် (၄၀)ဦး ပါရှိပြီး ထိခိုက်ဒဏ်ရာ မရရှိကြပါ။

Light Truck ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါ ကျား(၉)၊ မ(၁၄)ဦး၊ စုစုပေါင်း (၂၃)ဦး ပါရှိကာ မ(၂)ဦးမှာ နေရာတွင် သေဆုံးသွားခဲ့ပြီး ကျန်ခရီးသည်များမှာ ထိခိုက်ပွန်ပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆွာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်အား သာဂရ အမြန်လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိပါသည်။

Ministry of Construction
https://www.facebook.com/MinistryofConstruction
Light Truck ယာဉ်ကို မန်းရွှေပြည် Express နောက်ကနေ ၀င်တိုက်မိ၊ သေဆုံး ဒဏ်ရာရ Light Truck ယာဉ်ကို မန်းရွှေပြည် Express နောက်ကနေ ၀င်တိုက်မိ၊ သေဆုံး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 12:32 Rating: 5
Powered by Blogger.