ဟယ်ရီဆင်ဖို့ဒ် လေယာဉ် ပျက်ကျလို့ ဆေးရုံတင်

ကမ္ဘာကျော် မင်းသား ဟယ်ရီဆင် ဖို့ဒ်
၇၂ နှစ် အရွယ် မင်းသား ကြီး ဟယ်ရီဆင်ဖို့ဒ် ကိုယ်တိုင် မောင်းတဲ့ ရှေးဟောင်း လေယာဉ်ငယ် ပျက်ကျမှုကြောင့် ဒဏ်ရာတွေ ရရှိသွား တယ်လို့ အမေရိကန် မီဒီယာ တွေက သတင်း ထွက်လာပါတယ်။

ဒါပေမဲ့ အမည် မဖော်နိုင်တဲ့ လူနာ အခြေအနေ ကောင်းမွန်ပြီး မစိုးရိမ်ရဘူး လို့ ရဲက ပြောပါတယ်။

ဟောလီးဝုဒ် ရုပ်ရှင် မင်းသားကြီး ဟယ်ရီဆင် ဖိုဒ့် ဟာ လော့ဆန်းဂျလိစ် မြို့ပြင် မှာ လေယာဉ်ငယ် တစင်း ကို မောင်းနေတုန်း ဂေါက်ကွင်း တခုပေါ် ပျက်ကျပြီး ခေါင်းမှာ ဒဏ်ရာတွေ ရသွားတယ် လို့ သိရပါတယ်။

အနားက ဆေးရုံ တခုကို သူ့ကို သယ်သွားပြီး ကုသ ပေးနေတယ် လို့ သိရ ပါတယ်။

လေယာဉ်ပျက်ကျမှုကို စုံစမ်းနေတုန်း ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese
ဟယ်ရီဆင်ဖို့ဒ် လေယာဉ် ပျက်ကျလို့ ဆေးရုံတင် ဟယ်ရီဆင်ဖို့ဒ် လေယာဉ် ပျက်ကျလို့ ဆေးရုံတင် Reviewed by သစ်ထူးလွင် on 09:19 Rating: 5
Powered by Blogger.