ဘင်္ဂ္လားဒေ့ရှ် ဘလော့ဂါ အသတ်ခံရမှု မသင်္ကာသူကို ဖမ်းဆီး

Farabi Rahman ဆိုသူဟာ အရင်ကလည်း တခြား ဘလော့ဂါ တွေကို ခြိမ်းခြောက် ခဲ့မှုနဲ့ အဖမ်းခံခဲ့ရဖူး။
ဘင်္ဂ္လားဒေ့ရှ် နွယ်ဖွား အမေရိကန် နိုင်ငံသား ဘာသာမဲ့ ဘလော့ဂါ Avijit Roy ဒါကာမြို့မှာ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အယူသည်းတဲ့ ဘလော့ဂါ တစ်ယောက်ကို ဘင်္ဂ္လားဒေ့ရှ် ရဲတွေက ဖမ်းဆီး လိုက်ပါတယ်။

Farabi Rahman ဆိုတဲ့ အဲဒီ ဘလော့ဂါဟာ အသတ်ခံရသူ မစ္စတာ ရွိုင်းကို လူမှုကွန်ရက် ဝက်ဘ်ဆိုက် ကနေ တစ်ဆင့် အသက် အန္တရာယ် ခြိမ်းခြောက်မှု လုပ်ခဲ့တယ်လို့ စွပ်စွဲ ခံရတာ ဖြစ်ပါတယ်။

ဘင်္ဂ္လားဒေ့ရှ်ကို အလည် ပြန်လာတဲ့ မစ္စတာ ရွိုင်းဟာ ပြီးခဲ့တဲ့ ကြာသပတေး နေ့က ဒါကာမြို့ တက္ကသိုလ် အနီးမှာ လူတစ်စုရဲ့ ထိုးခုတ် သတ်ဖြတ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာ ရွိုင်း အသတ်ခံရမှုကို ဖော်ထုတ်ဖို့ အတွက် ဘင်္ဂ္လားဒေ့ရှ် အစိုးရက အမေရိကန် FBI ထောက်လှမ်းရေး အဖွဲ့ရဲ့ အကူအညီကို လက်ခံ ခဲ့ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese
ဘင်္ဂ္လားဒေ့ရှ် ဘလော့ဂါ အသတ်ခံရမှု မသင်္ကာသူကို ဖမ်းဆီး ဘင်္ဂ္လားဒေ့ရှ် ဘလော့ဂါ အသတ်ခံရမှု မသင်္ကာသူကို ဖမ်းဆီး Reviewed by သစ်ထူးလွင် on 20:56 Rating: 5
Powered by Blogger.