အလောင်းကို အမျိုးသမီးတွေကပဲ သယ်ဆောင်သွားတာဖြစ်ပြီး အမျိုးသားတွေ ကြီးစိုးတဲ့ နိုင်ငံမှာ အမျိုးသမီးတွေက အံတုတဲ့ နမူနာ တခုဖြစ် (Credit: AFP) |
အသက် ၂၇ နှစ်အရွယ် Farkhunda ဟာ ကိုရမ်ကျမ်းစာကို မီးရှို့တယ်ဆိုပြီး ဒေါသထွက်နေတဲ့ လူအုပ်က သူ့ကို ဝိုင်းဝန်း ရိုက်သတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ရဲအရာရှိ Mahammad Zahir ရဲ့အဆိုအရ အဲဒီ အမျိုးသမီးက ကိုရမ်ကျမ်းစာကို မီးရှို့ခဲ့တဲ့ သက်သေအထောက်အထားတွေ မတွေ့ ခဲ့ရဘူးလို့ ပြောပါတယ်။
ကြာသပတေးနေ့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို လက်ကိုင်ဖုန်း ဗီဒီယိုမှာ ပြသချက်အရ အဲဒီအမျိုးသမီး တိုက်ခိုက်ခံနေရတာကို ရဲတွေက ဘာမှ မလုပ်ပဲ နေခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။
အဲဒီအမျိုးသမီး သေဆုံးမှုအတွက် လူ ၁၃ ယောက်ကို အာဏာပိုင်တွေကဖမ်းဆီးထားပြီး အဲဒီအထဲမှာ ရဲအမှုထမ်း ၈ ယောက်ပါဝင်ပါတယ်။
တနင်္ဂနွေနေ့မှာ ပြုလုပ်တဲ့ သေဆုံးသူ အမျိုးသမီးရဲ့ အသုဘ အခမ်းအနားကို လူပေါင်း ရာနဲ့ချီ လာရောက်ခဲ့ကြပါတယ်။
အာဖဂန်နစ္စတန် သမ္မတကလည်း ဒီလို ရိုက်သတ်မှု လုပ်ခဲ့တဲ့အပေါ် ဝေဖန်ရှုတ်ချလိုက်ပြီး ဒီကိစ္စကို စုံစမ်းဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့မယ်လို့ ပြောဆိုထားကြောင်း Stephanie March က သတင်းပေးပို့ထားပါတယ်။
အဲဒီ အမျိုးသမီးရဲ့ အသုဘ အခမ်းအနားမှာ အမျိုးသားတွေလည်း အများအပြား ရှိပေမယ့် အလောင်းကို အမျိုးသမီးတွေကပဲ သယ်ဆောင်သွားတာဖြစ်ပြီး ဒါဟာ အမျိုးသားတွေ ကြီးစိုးတဲ့ နိုင်ငံမှာ အမျိုးသမီးတွေက အံတုတဲ့ နမူနာ တခုဖြစ်တယ်လို့ သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
အမျိုးသမီး ရိုက်သတ်ခံရတာကို ဘာမှ မလုပ်ခဲ့တဲ့ ရဲ ၈ ဦး အဖမ်းခံရ
Reviewed by သစ်ထူးလွင်
on
10:36
Rating: