ကောက်ရိုးပုံမီးရှို့သူကို အုပ်စုဖွဲ့လူသတ်၍ အလောင်းကိုမီးရှို့ဖျောက်ဖျက်


နေပြည်တော် မတ် ၅

ဖေဖော်ဝါရီ ၂၈ ရက် ည ၁၁ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် လက် ယက်ကုန်းကျေးရွာ၌ ဦးကျော် အောင်၏ နေအိမ်ခြံဝင်းအတွင်းရှိ ကောက်ရိုးပုံကို တစ်ရွာတည်းနေ မောင်မော် (၃ဝ နှစ်)က မီးရှို့သဖြင့် ရွာသူ ရွာသားများက ၎င်းကို လိုက်လံဖမ်းဆီး၍ ရွာအပြင်သို့ ဆွဲခေါ်သွားပြီး ဝိုင်းဝန်းရိုက်နှက်မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သတင်းအရ ဒီပဲယင်း ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအောင်ဌေးဦးစီးအဖွဲ့က အခင်း ဖြစ်ပွားရာ ရွာအနောက်ဘက်ရှိ မောင်မော်အား မီးရှို့ခဲ့သော ကျေးရွာ သုသာန်သို့ သွားရောက်စစ်ဆေးခဲ့ရာ မီးလောင်ကျွမ်းထားသော လက်ဖျံ ရိုးတစ်ချောင်း၊ ခါးဆစ်ရိုးတစ်ချောင်း၊ အဆီပြင် တစ်ခု၊ ဓားလှံချွန်တစ်ချောင်း တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်ကို စိစစ်ခဲ့ရာဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းတွင် သေဆုံးသူ၏ဖခင် ဦးဝင်းကျော်သည် နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် ရွာ၏အရှေ့ ဘက်ပိုင်းမှ ''မီးမီး''ဟုအော်သံကြား၍ အိမ်ရှေ့သို့ထွက်ကြည့်ရာ ကိုကျော် အောင်၏ နေအိမ်ခြံဝင်းအတွင်းရှိ နွားစာကောက်ရိုးပုံအား မီးလောင် ကျွမ်းနေသည်ကို တွေ့မြင်ရကြောင်း၊ သားဖြစ်သူမောင်မော်သည် ရွာလယ် လမ်းမှ နေအိမ်သို့ ပြန်ဝင်လာပြီး ခဏအကြာ နေအိမ်ပတ်ဝန်းကျင်သို့ ရွာသားများ ရုတ်ရုတ်သဲသဲ ရောက်ရှိ လာကာ မောင်မော်အား ထုတ်ပေးရန် ကြိမ်းမောင်းအော်ဟစ်ပြောဆိုကြပြီး တစ်ရွာတည်းနေ တင်ပို၊ အောင်ကျော် ဦးနှင့် ညောင်ဇီးကုန်းကျေးရွာနေ အောင်မြင့်တို့က နေအိမ်အတွင်းသို့ ဝင်ရောက်ပြီး နေအိမ်ထရံများကို ဓားဖြင့်ခုတ်ကာ မောင်မော်ကို နေအိမ်အတွင်းမှ ဆွဲထုတ်သွားကြ ကြောင်း၊ ယင်းနောက် မောင်မော်ကို ဓား၊ လှံများဖြင့် ဝိုင်းဝန်းသတ်ဖြတ်၍ အလောင်းကို ကျေးရွာသုသာန်၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

မောင်မော်အား သတ်ဖြတ်၍ အလောင်းကို မီးရှို့ဖျက်ဆီးခဲ့သူ တင်ပို၊ အောင်ကျော်ဦး၊ အောင်မြင့် နှင့် အပေါင်းအပါ ရွာသားများကို ဒီပဲယင်းမြို့မရဲစခန်းက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂/ ၂ဝ၁/ ၁၁၄ (လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု၊ အားပေးကူညီမှု) ဖြင့်လည်းကောင်း၊ ဦးကျော်အောင်၏ နွားစာကောက်ရိုး ပုံကို မီးရှို့သူ မောင်မော်(သေဆုံး) အပေါ် ဒီပဲယင်းမြို့မရဲစခန်းက ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ (မီးရှို့မှု) ဖြင့်လည်းကောင်း အသီးသီးရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကောက်ရိုးပုံမီးရှို့သူကို အုပ်စုဖွဲ့လူသတ်၍ အလောင်းကိုမီးရှို့ဖျောက်ဖျက် ကောက်ရိုးပုံမီးရှို့သူကို အုပ်စုဖွဲ့လူသတ်၍ အလောင်းကိုမီးရှို့ဖျောက်ဖျက် Reviewed by သစ်ထူးလွင် on 05:19 Rating: 5
Powered by Blogger.