ပဲခူးတိုင်း နယ်လုံဝန်ကြီးနဲ့ ကျောင်းသားခေါင်းဆောင်တွေ ထပ်မံဆွေးနွေးမည်











ကျောင်းသားသပိတ်စစ်ကြောင်းကို ကျောင်းသားတွေ ယာယီနေ ခဲ့တဲ့ အောင်မြေဗိမာန် ကျောင်းတိုက်ဝင်းအတွင်းကို ပြန်သွားဖို့ လက်ပံတန်းမြို့နယ် သံဃာ့နာယကအဖွဲ့ ဆရာတော်တွေက မိန့်ကြားပါတယ်။

ကျောင်းသားခေါင်းဆောင်တွေက သပိတ်စစ်ကြောင်းဟာ ထွက်ပြီးရင်နောက် ကို ပြန်ဆုတ်ရတဲ့ ထုံးစံမရှိကြောင်း ပြန်လည်လျှောက်ထားခဲ့ပါတယ်။

နောက်ဆုံးအခြေအနေက သပိတ်စစ်ကြောင်း ကျောင်းသားခေါင်းဆောင် ၂ ဦးနဲ့ ကျောင်းသားတွေနဲ့အတူ ရှိနေတဲ့ သံဃာတော် ၂ ပါးဟာ လက်ပံတန်း သံဃာ့မဟာနာယက ဆရာတော်တွေနဲ့အတူ လိုက်ပါပြီး ပဲခူးတိုင်းနယ်လုံဝန်ကြီးနဲ့ ထပ်မံဆွေးနွေးမယ်လို့ သိရပါတယ်။ ဓါတ်ပုံ - ကျော်ဇောဝင်း/RFA


ဥတ္တရအလင်းဂီတအဖွဲ့က ကိုတိုးလွင်က လက်ပံတန်းမြို့ က ကျောင်းသားသပိတ်စစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာမှာ " စစ်မဖြစ်နဲ့ ရပ်ကြ" ဆိုတဲ့ သီချင်းကို သီဆိုခဲ့ပါတယ်။ ဓါတ်ပုံ - ကျော်ဇောဝင်း/RFA

RFA Burmese
https://www.facebook.com/pages/RFA-Burmese
ပဲခူးတိုင်း နယ်လုံဝန်ကြီးနဲ့ ကျောင်းသားခေါင်းဆောင်တွေ ထပ်မံဆွေးနွေးမည် ပဲခူးတိုင်း နယ်လုံဝန်ကြီးနဲ့ ကျောင်းသားခေါင်းဆောင်တွေ ထပ်မံဆွေးနွေးမည် Reviewed by သစ်ထူးလွင် on 15:38 Rating: 5
Powered by Blogger.