အလှူခံမဏ္ဍပ်တွင် အလှူခံနေသည့် အမျိုးသမီး ဆိုင်ကယ်တိုက်ခံရပြီး သေဆုံး


ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ တွင် မတ်လ ၂၃ ရက်က အလှူခံ မဏ္ဍပ်တွင် အလှူခံနေသည့် အမျိုးသမီးတစ်ဦး ဆိုင်ကယ်အတိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ပြည်အမှတ်(၃)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ပိုက်ဆံပြေးကောက်ရင်း ဆိုင်ကယ်တိုက်ခံရတာပါ”ဟု ပြည်အမှတ်(၃) ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ဆိုသည်။

ထိုနေ့ မနက်၁၀နာရီက ပြည်-အောင်လံ ကားလမ်း မြောင်းငယ်လှကျေးရွာထိပ် အလှူခံမဏ္ဍပ်တွင် အလှူခံနေသူ အသက်(၅၃)နှစ်အရွယ် ဒေါ်စန်းဝင်းဆိုသူ အမျိုးသမီးကို အောင်လံဘက်မှ ပြည်ဘက်သို့ မောင်းနှင်လာသည့် ၁၀ယ/၇၂၈၁ LOUJIA-110နက်ပြာရောင် ဆိုင်ကယ်က ၀င်တိုက်ခဲ့ခြင်း ဖြစ်သည်။

ဆိုင်ကယ်အတိုက်ခံရသူ ဒေါ်စန်းဝင်းသည် နှာခေါင်းသွေးထွက် ဒဏ်ရာယာဂျိုစောင်း ဖူးယောင်ဒဏ်ရာ များရရှိခဲ့ပြီး အခင်းဖြစ် နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းတွင် ဖော်ပြထားသည်။

အကြောင်းအရာကိစ္စနှင့် ပတ်သတ်ပြီး ဆိုင်ကယ်ယာဉ်မောင်း ကိုဇော်ထွန်း (၃၅)နှစ်ကို ပြည်အမှတ်(၃)ရဲစခန်း တွင် ယာဉ်(ပ)၇/၂၀၁၅ ပြစ်မှုပုဒ်မ၃၀၄(က)ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေး လျှက်ရှိသည်။

ပြည့်သဲမောင်(ပြည်)
ပြည်သတင်း
https://www.facebook.com/pyaynews
အလှူခံမဏ္ဍပ်တွင် အလှူခံနေသည့် အမျိုးသမီး ဆိုင်ကယ်တိုက်ခံရပြီး သေဆုံး အလှူခံမဏ္ဍပ်တွင် အလှူခံနေသည့် အမျိုးသမီး ဆိုင်ကယ်တိုက်ခံရပြီး သေဆုံး Reviewed by သစ်ထူးလွင် on 13:36 Rating: 5
Powered by Blogger.