လေယာဉ် မပျက်ကျခင်မှာ လေယာဉ်မှူးတစ်ဦးက အပြင်မှာ ရှိလို့ဆို

လေယာဉ်ပျက်ကျတဲ့ နေရာမှာ ရှာဖွေမှု လုပ်နေစဉ် (Credit: Reuters) 
ပြင်သစ်နိုင်ငံမှာ ​ပျက်ကျသွားတဲ့ ​လေယာဉ်ရဲ့ ​black ​box ​မှတ်တမ်းမှာ ​ဘာတွေ ​ပါသလဲဆိုတာ ​မသိရသေးဘူးလို့ ​ပြောနေပေမယ့် ​နယူးယောက်ထိုင်းမ်စ် ​သတင်းအရ ​လေယာဉ်မှူးတစ်ယောက်က ​အခန်းပြင်ကို ​ခဏထွက်သွားပြီး ​ပြန်ဝင်လာဖို့ ​ကြိုးစားပေမယ့် ​ဝင်လို့ ​မရခဲ့ဘူးလို့ ​ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးမှုမှာ ​ပါဝင်သူ ​တစ်ဦးကို ​ကိုးကားပြီး ​ဖော်ပြထားတာလို့ ​နယူးယောက်ထိုင်းမ်စ် ​သတင်းမှာ ​ပါရှိပါတယ်။

အဲဒီ ​စုံစမ်း ​စစ်ဆေးရေး ​သမားရဲ့ ​အဆိုအရ ​black ​box ​မှာ ​ကြားရတာကတော့ ​လေယာဉ် ​မှူးတစ်ယောက်ဟာ ​လေယာဉ်ခေါင်းပိုင်းအခန်းကနေ ​ထွက်သွားပြီး ​ပြန်ရောက်လာတဲ့အခါမှာ ​တံခါးဖွင့်ပေးဖို့ ​တံခါးခေါက်ခဲ့တယ်လို့ ​ဆိုပါတယ်။

ဒါပေမဲ့ ​တံခါးမဖွင့်တာကြောင့် ​တံခါးခေါက်တဲ့အသံ ​ပိုပိုကျယ်လာတယ်လို့ ​ပြောပါတယ်။

ဒါပေမဲ့လည်း ​Lufthansa ​လေကြောင်းလိုင်းအရာရှိ ​Catrsten ​Sphor ​ကတော့ ​ဒီလုပ်ငန်းခွင်မှာ ​သူအလုပ်လုပ်လာတာ ​နှစ်ပေါင်း ​၂၀ ​ရှိပြီဖြစ်သလို ​ကိုယ်တိုင်လည်း ​လေယာဉ်မှူးလုပ်ခဲ့ဖူးသူအနေနဲ့ ​ဘာကြောင့် ​ဒီလိုဖြစ်သလဲဆိုတာ ​နားကို ​မလည်နိုင်သေးဘူးလို့ ​ပြောပါတယ်။

Luftansa ​ကုမ္ပဏီရဲ့ ​သမိုင်းမှာ ​လေယာဉ် ​ပျက်ကျပျောက်ဆုံးတာမျိုး ​တခါမှ ​မဖြစ်ခဲ့ဖူးဘူးလို့ ​ပြောသွားခဲ့ပါတယ်။

အခုဆိုရင် ​လေယာဉ်အပိုင်းအစတွေကို ​ရဟတ်ယာဉ်နဲ့ ​မယူပြီး ​တင်ဆောင်နေကြပြီလို့ ​သိရပါတယ်။

အခုလောလောဆယ်မှာတော့ ​ပြင်သစ်နိုင်ငံမှာ ​ပျက်ကျသွားတဲ့ ​ဂျာမနီနိုင်ငံပိုင် ​Airbus ​A320 ​ရဲ့ ​လေယာဉ်ပျံသန်းမှု ​မှတ်တမ်း ​Black ​Box ​တစ်ခုမှာ ​ဘာတွေပါသလဲ ​ဆိုတာ ​စစ်ဆေးနေကြပြီ ​ဖြစ်ပါတယ်။

လေယာဉ်ပျံသန်းမှု ​မှတ်တမ်းကို ​ရရှိထားပေမယ့် ​အခုအချိန်အထိ ​လေယာဉ်က ​ဘာကြောင့် ​ပျက်ကျသွားသလဲဆိုတာ ​ပညာရှင်တွေ ​မရှင်းပြသေးဘူးလို့ ​ပြင်သစ်လေကြောင်း ​အရာရှိ ​တစ်ဦးက ​ပြောပါတယ်။

ဒီလေယာဉ် ​မပျက်ကျခင်မှာ ​၈ ​မိနစ်လောက် ​အချိန်ရနေသေးတဲ့အတွက် ​ဘာကြောင့် ​အကူအညီတောင်းတာတွေ ​မလုပ်ကြသလဲ ​ဆိုတာကို ​စဉ်းစားနေကြပါတယ်။

ပညာရှင်တွေရဲ့ ​အဆိုအရ ​၈ ​မိနစ်ဆိုတဲ့ ​အချိန်ဟာ ​ဘယ်နေရာမှာ ​အလုံခြုံဆုံး ​ဆင်းနိုင်မလဲ ​ဆိုတာကို ​လှမ်းပြီး ​အကူအညီတောင်းလို့ရတဲ့ ​အခြေအနေမှာ ​ရှိနေတယ်လို့ ​ဆိုပါတယ်။

လေယာဉ်မောင်း ​သမား ​၂ ​ဦးဟာလည်း ​အတွေ့အကြုံရှိသူတွေ ​ဖြစ်သလို ​လေယာဉ်ကလည်း ​အကောင်းပကတိ ​အခြေအနေမှာ ​ရှိနေတယ်လို့ ​ဆိုပါတယ်။

ဒါ့အပြင် ​မြေပြင်ကနေ ​သဲကြီးမဲကြီး ​လှမ်းဆက်သွယ်တာကိုလည်း ​ဘာကြောင့် ​လေယာဉ်ပေါ် ​လိုက်ပါသွားသူတွေက ​အဆက်အသွယ် ​ပြန်မလုပ်ဘူးလည်း ​ဆိုတာကိုလည်း ​သိချင်နေကြပါတယ်။

ဒါပေမဲ့ ​အဲဒီ ​လေယာဉ်ဟာ ​ဝေဟင်ပေါ်မှာ ​ပေါက်ကွဲတဲ့ဟန် ​မတွေ့ရတာကြောင့် ​အကြမ်းဖက်မှု ​ဆိုတာ ​မဖြစ်နိုင်ဘူးလို့လည်း ​သုံးသပ်ကြပါတယ်။

လေယာဉ်ပေါ်မှာ ​black ​box ​နှစ်ခု ​ပါဝင်လေ့ရှိပြီး ​တစ်ခုကတော့ ​လေယာဉ်ပျံသန်းရေးနဲ့ ​လေယာဉ်ရောက်ရှိရာ ​နေရာတွေကို ​မှတ်တမ်းတင်ထားတာဖြစ်ပြီး ​နောက်တစ်ခုကတော့ ​လေယာဉ်မှူးရဲ့ ​အသံနဲ့ ​လေယာဉ်ပျံသန်းရေး ​အခန်းက ​အသံတွေကို ​မှတ်တမ်းတင်ထားတာ ​ဖြစ်ပါတယ်။

အခုတွေ့ရှိထားတဲ့ ​black ​box ​ကတော့ ​လေယာဉ်မှူးအသံကို ​ဖမ်းထားတဲ့ ​မှတ်တမ်းဖြစ်ပါတယ်။

ပြင်သစ်သမ္မတ ​Francois ​Hollande ​ကတော့ ​Black ​Box ​ရဲ့ ​အခွံကိုသာ ​တွေ့ရှိတာဖြစ်ပြီး ​black ​box ​မှတ်တမ်းကိုတော့ ​မတွေ့ဘူးလို့ ​ပြောနေပြန်ပါတယ်။

အဲဒီလေယာဉ်ပေါ် ​လိုက်ပါသွားသူ ​လူပေါင်း ​၁၅၀ ​လုံးသေဆုံးခဲ့ရပြီး ​သေဆုံးသူထဲမှာ ​သြစတြေးလျ၊ ​အာဂျင်တီးနား၊ ​ဘယ်လ်ဂျီယံ၊ ​ဗြိတိန်၊ ​ကိုလံဘီယာ၊ ​ဒိန်းမတ်၊ ​ဟော်လန်၊ ​အစ္စရေး၊ ​ဂျပန်နဲ့ ​မက္ကဆီကို ​နိုင်ငံသားတွေလည်း ​ပါဝင်တယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
လေယာဉ် မပျက်ကျခင်မှာ လေယာဉ်မှူးတစ်ဦးက အပြင်မှာ ရှိလို့ဆို လေယာဉ် မပျက်ကျခင်မှာ လေယာဉ်မှူးတစ်ဦးက အပြင်မှာ ရှိလို့ဆို Reviewed by သစ်ထူးလွင် on 12:05 Rating: 5
Powered by Blogger.