ရီမန်မှာ ပြည်တွင်းစစ် ဖြစ်လာနိုင်လို့ ကုလဆို

Aden မြို့မှာ သမ္မတကို ထောက်ခံတဲ့ လူတွေက လုံခြုံရေး ကင်းလှည့်နေစဉ် (Credit: Reuters)

ရီမန်နိုင်ငံက ​Shiite ​စစ်တပ်တွေက ​တိုက်ခိုက်မှုတွေ ​ပိုလုပ်နေပြီး ​ဆူနီ ​လူမျိုးတွေအပြင် ​သမ္မတ ​သစ္စာခံတွေနဲ့ပါ ​တိုက်ခိုက်မှု ​ဖြစ်နေတဲ့အတွက် ​ပြည်တွင်းစစ်ကြီး ​ဖြစ်လာနိုင်တယ်လို့ ​ကုလသမဂ္ဂက ​သတိပေးလိုက်ပါတယ်။

Shitte ​စစ်တပ်တွေကို ​Houthi ​အဖွဲ့လို့လည်း ​ခေါ်ဝေါ်ပြီး ​အဲဒီအဖွဲ့ဟာ ​အရင်လတုန်းကပဲ ​မြို့တော် ​Sanaa ​မြို့ကို ​သိမ်းပိုက်ထားပါတယ်။

မြို့တော်ကို ​သိမ်းပိုက်ထားတာကြောင့် ​သမ္မတ ​Mansour ​Hadi ​က ​တောင်ပိုင်းက ​Aden ​မြို့ဆီကို ​ထွက်ပြေးခဲ့ရပါတယ်။

အခုအခါမှာ ​Aden ​မြို့ဆီကို ​သွားတဲ့ ​Taiz ​မြို့ကိုလည်း ​Houthi ​အဖွဲ့က ​သိမ်းပိုက်နေပြီး ​Aden ​ကို ​သိမ်းပိုက်နိုင်ဖို့ ​လူအင်အား ​ထောင်နဲ့ချီ ​ပို့ဆောင်ပြီး ​ထိုးစစ်ဆင်နေတာ ​ဖြစ်ပါတယ်။

လမ်းတလျှောက်မှာ ​တွေ့တဲ့ ​အဖွဲ့မှန်သမျှကို ​တိုက်ခိုက်နေပြီး ​ဆူနီအဖွဲ့နဲ့လည်း ​တိုက်ပွဲတွေ ​ဖြစ်နေတာပါ။

ရီမန် ​မြောက်ပိုင်းကို ​Houthi ​က ​ထိန်းချုပ်ပြီး ​တောင်ပိုင်းမှာတော့ ​လက်ရှိသမ္မတ ​Mansour ​Hadi ​ကို ​ထောက်ခံသူတွေများတဲ့အတွက် ​နိုင်ငံက ​နှစ်ခြမ်းကွဲနေသလို ​ဖြစ်နေပါတယ်။

မငြိမ်မသက်မှုတွေ ​ဖြစ်နေပြီး ​အရင်တစ်ပါတ်ကပဲ ​Houthi ​တွေ ​ကြီးစိုးတဲ့ ​မြို့တော် ​Sanaa ​မှာ ​IS ​အဖွဲ့က ​ဗုံးဖောက်ခွဲခဲ့တဲ့အတွက် ​လူပေါင်း ​၁၄၂ ​ယောက် ​သေဆုံးခဲ့ရပါတယ်။

ဒီလို ​အဖွဲ့တွေအကြား ​မငြိမ်းမသက်မှုတွေ ​ဖြစ်နေတဲ့အတွက် ​ကုလသမဂ္ဂကလည်း ​တနင်္ဂနွေနေ့တုန်းက ​အရေးပေါ် ​လုံခြုံရေးကောင်စီ ​အစည်းအဝေး ​ခေါ်ခဲ့ရပါတယ်။

လုံခြုံရေးကောင်စီ ​အဖွဲ့ဝင် ​၁၅ ​နိုင်ငံက ​လက်ရှိ ​သမ္မတ ​Mansour ​Hadi ​ဘက်က ​ရပ်တည်ကြောင်း ​ထုတ်ဖော်ပြောဆိုကြပါတယ်။

ရီမန်နိုင်ငံမှာ ​ပြည်တွင်းစစ်ဖြစ်လာမယ်ဆိုရင်တော့ ​လစ်ဗျားနဲ့ ​ဆီးရီးယားမှာ ​ဖြစ်နေတဲ့ ​ပြဿနာ ​နှစ်ခု ​ပေါင်းတာလောက် ​ကြီးမားလိမ့်မယ်လို့ ​ကုလသမဂ္ဂ ​အရာရှိ ​Jamal ​Benomar ​က ​ပြောပါတယ်။

ံHouthi ​အဖွဲ့ကို ​အီရန်က ​ကျောထောက်နောက်ခံ ​ပြုထားတယ်လို့ ​ယူဆရပြီး ​အဲဒီအဖွဲ့ဟာ ​ဆူနီမွတ်စလင်အပြင် ​Al-Qaeda ​အဖွဲ့နဲ့ပါ ​တိုက်ပွဲတွေ ​ဖြစ်နေတာပါ။

အခုလည်း ​နယ်မြေချဲ့ထွင်မှုတွေ ​လုပ်နေပြီး ​စာသင်ကျောင်းတွေကိုလည်း ​စစ်စခန်းအဖြစ် ​အသုံးပြုနေကြပြီလို့ ​ဒေသခံတွေက ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ရီမန်မှာ ပြည်တွင်းစစ် ဖြစ်လာနိုင်လို့ ကုလဆို ရီမန်မှာ ပြည်တွင်းစစ် ဖြစ်လာနိုင်လို့ ကုလဆို Reviewed by သစ်ထူးလွင် on 10:33 Rating: 5
Powered by Blogger.