ခိုတောင်ကျွန်းလူသတ်မှုကို သွားရောက်စုံစမ်းသည့် ဗြိတိန်ရဲတပ်ဖွဲ့ ဗြိတိန်ဥပဒေစည်းမျဉ်းအား ချိုးဖောက်ခဲ့ဟု ဆို


ထိုင်းနိုင်ငံ ခိုတောင်ကျွန်းလူသတ်မှုတွင် သံသယရှိမှုဖြင့် ဖမ်းဆီးခံထားရ သည့် မြန်မာနိုင်ငံသား ၂ ဦးကို သေဒဏ်ချမှတ်နိုင်ရန် အထောက်အကူဖြစ်နိုင်သည့် သက်သေအထောက်အထားများကို ဗြိတိန် ရဲတပ်ဖွဲ့ က ဥပဒေစည်းမျဉ်းများ ချိုးဖောက်၍ ထိုင်းအာဏာပိုင်များ ထံ ပေးအပ်ခဲ့ကြောင်း ယူကေအခြေစိုက် လူ့အခွင့် အရေးအဖွဲ့ Reprieve က သတိပေး ထုတ်ဖော်လိုက်သည်။

ဗြိတိန်အစိုးရ၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်းများ အရ နိုင်ငံခြား တရား စီရင်ရေးများတွင် တရားခံ အား သေဒဏ် ကျခံစေနိုင်သည့် သက်သေ အထောက်အထား များ ပေးအပ်မည် ဆိုပါက သေဒဏ်ချမှတ်ခြင်းမပြုရန် အာမခံချက်တောင်းယူပြီး မှ ပေးအပ် ရမည်ဖြစ်သည်ဟု ဂါးဒီးယန်း သတင်းစာတွင် ဖော်ပြသည်။ သို့သော် ဗြိတိန်ရဲ ၄ ဦးသည် ထိုင်းရဲများ၏ တောင်းဆိုချက်အရ အမှု နှင့်ပတ်သက်သော အချက်အလက်များကို ပေးအပ်ခဲ့ကြောင်း ယူကေနိုင်ငံခြားရေးရုံးက Reprieve ထံ ပေးပို့ သည့် အီးမေးလ်တွင် ဖော်ပြထားသည်။

ဗြိတိန်ရဲများအနေဖြင့် ထိုအမှုတွင် သေဒဏ်ချမှတ်ခြင်းမပြုရန် ထိုင်းတို့ ထံ တောင်းဆိုခဲ့ခြင်းမရှိဟု ယုံကြည်ကြောင်း Reprieve က ဆိုသည်။ ထိုအမှုနှင့် ပတ်သက်သည့် အချက်အ လက်များကို ဗြိတိန်ရဲတပ်ဖွဲ့က ထိုင်း အာဏာပိုင်များကိုသာ ပေးအပ်ခဲ့ပြီး ထိုင်းရဲများက တရားခံများအား ခုခံခြေပသူများထံ ပေးအပ်ခြင်းမရှိဘဲ တစ်ဖက်စောင်းနင်း ဘက်လိုက် ကူညီခဲ့သည်ဟု Reprieve က ဖော်ပြခဲ့သည်။

ထိုင်း နိုင်ငံ အပန်းဖြေကမ်းခြေ ခိုတောင်ကျွန်းတွင် ၂၀၁၄ စက်တင်ဘာက ဗြိတိန်ခရီးသွား ၂ ဦးဖြစ်သည့် မစ်ဟန်နာ ၀ှစ်တာရစ်နှင့် မစ္စာဒေးဗစ်မေလာ တို့ကို သတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံသား ကိုဇော်လင်းဦးနှင့် ကိုဝေဖြိုးတို့ကို ဖမ်း ဆီးတရားစွဲဆိုထားသည်။ ၎င်းတို့ ၂ ဦးလုံးက အပြစ်မရှိကြောင်း ထွက်ဆိုထားသည်။ အမှုနှင့်ပတ်သက်၍ ဗြိတိန်ရဲနှင့် ထိုင်းရဲများ ၏ ဆောင်ရွက်ပုံအပေါ် မေးခွန်းထုတ်မှုများ ထွက်ပေါ်လျက်ရှိသည်။

KHTun
Ref - Guardian
The Ladies News Journal
https://www.facebook.com/News.TheLadies
ခိုတောင်ကျွန်းလူသတ်မှုကို သွားရောက်စုံစမ်းသည့် ဗြိတိန်ရဲတပ်ဖွဲ့ ဗြိတိန်ဥပဒေစည်းမျဉ်းအား ချိုးဖောက်ခဲ့ဟု ဆို ခိုတောင်ကျွန်းလူသတ်မှုကို သွားရောက်စုံစမ်းသည့် ဗြိတိန်ရဲတပ်ဖွဲ့ ဗြိတိန်ဥပဒေစည်းမျဉ်းအား ချိုးဖောက်ခဲ့ဟု ဆို Reviewed by သစ်ထူးလွင် on 10:55 Rating: 5
Powered by Blogger.