မန္တလေးတွင် ရေခွန်တိုးကောက်တော့မည်


မန္တလေးမြို့မှာ စည်ပင်သာယာက ပေးဝေနေတဲ့ ရေခွန်တွေကို မကြာခင်မှာပဲ တိုးမြှင့် ကောက်ခံတော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရေ ၁ ယူနစ်မီတာကို ၅၅ ကျပ်နှုန်းနဲ့ ကောက်ခံနေတာဖြစ်ပြီး တိုးမြှင့်မယ့်နှုန်းကို အတိအကျ မပြောနိုင်သေးဘူးလို့ မန္တလေးစည်ပင် ရေနဲ့ သန့်ရှင်းမှုဌာနမှူးက ပြောပါတယ်။

မန္တလေးရဲ့ ရေခွန်ဟာ အနိမ့်ဆုံးဖြစ်ပြီး တိုးမြှင့်ခဲ့ရင်တောင်မှ ရန်ကုန်ထက်နည်းမှာပါလို့လည်း ဌာနမှူးက ပြောပါတယ်။

အခုလိုတိုးကောက်တာဟာ ဌာန၀င်ငွေနဲ့ လုပ်ငန်းလည်ပတ်ရမယ့် မူကြောင့်လည်း ဖြစ်ပါတယ်။

စည်ပင်သာယာက ၁ ရက်ကို ရေဂါလန် ၃ သန်းလောက် ဖြန့်ဖြူးပေးနေပေမယ့် တိုးလာတဲ့ လူဦးရေကြောင့် ၁၉၉၆ ခုနှစ်နောက်ပိုင်းမှာ ရေမလုံလောက်တာတွေ ဖြစ်လာခဲ့တာပါ။

မန္တလေးမှာ မြေအောက်ရေက အများဆုံးထုတ်ယူပေးဝေနေတာဖြစ်ပြီး ကျုံးရေနဲ့ မြစ်ရေကလည်း ပေးဝေနေတာပါ။

ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ မန္တလေးမှာ မြို့နယ် ၆ ခု ပါဝင်ပြီး ရပ်ကွက်ပေါင်း ၉၀ ကျော်ရှိတာဖြစ်ပါတယ်။

By ပိုင်စိုး (ဒီဗွီဘီ)
http://burmese.dvb.no/archives/82550
မန္တလေးတွင် ရေခွန်တိုးကောက်တော့မည် မန္တလေးတွင် ရေခွန်တိုးကောက်တော့မည် Reviewed by သစ်ထူးလွင် on 18:55 Rating: 5
Powered by Blogger.