ဂင်းနစ်စံချိန်တင်မည့် စက်ဘီးသမား ထိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံး

အခင်းဖြစ်ပွားစဉ်က (ဓာတ်ပုံ – phuketwan.com)
အွန် ဖရန့်စစ်ဂူလာမို
၅ နှစ်အတွင်း ကမ္ဘာတပတ် စက်ဘီးစီးပြီး ဂင်းနစ်စံချိန်တင်မယ့် ချီလီ စက်ဘီးသမား တဦးဟာ ထိုင်းမှာ ယာဉ်မတော်တဆမှုနဲ့  သေဆုံးသွားပါတယ်။

အသက် ၄၇ နှစ်အရွယ် အွန် ဖရန့်စစ်ဂူလာမိုကို နခွန်ရတ်ချစီမာမှာ ပစ်ကပ်ကားက ၀င်တိုက်ခဲ့တာဖြစ်ပြီး အခင်းဖြစ်နေရာမှာ တင် သေဆုံးသွား တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး အေပီ သတင်းက ရေး ပါတယ်။

တခြားစက်ဘီးနဲ့ စီးနင်းလာတဲ့ ဂူလာမို ဇနီးနဲ့ ၂ နှစ်အရွယ်ကလေးလည်း အနည်းငယ် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

မိန်းမနဲ့ကလေးက ကမ္ဘာတပတ်ပတ်ရာမှာ မိုင် ဘယ်လောက်အထိ လိုက်ပါ စီးနင်းလာသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဆိုပါတယ်။

ပစ်ကတ်မောင်းနှင်သူကိုတော့ ဖမ်းဆီးထားပြီး အန္တရာယ်ရှိအောင် မောင်းနှင်မှုကြောင့် လူသေစေတဲ့ အမှုနဲ့ စွဲဆိုထားပေမယ့် အာမခံနဲ့ လွတ်ထားတယ်လို့ ဆိုပါတယ်။

ပြစ်မှုထင်ရှားရင်တော့ အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တယ်လို့လည်း ဆိုပါတယ်။

တိုက်ကြီး ၅ တိုက်ကို ဖြတ်ပြီး မိုင် ၁ သိန်း ၅ သောင်းကျော် ခရီးကို ၅ နှစ်အတွင်း အပြီး စီးနင်းကာ စံချိန်တင်ဖို့ ဂူလာမိုက ကြိုးစားနေတာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ် နိုဝင်ဘာမှာ စတင်ခဲ့ပြီး ဒီနှစ် နိုဝင်ဘာမှာ သူရဲ့ ခရီးစဉ် ပြီးဆုံးပြီ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/82738

ဂင်းနစ်စံချိန်တင်မည့် စက်ဘီးသမား ထိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံး ဂင်းနစ်စံချိန်တင်မည့် စက်ဘီးသမား ထိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံး Reviewed by သစ်ထူးလွင် on 06:17 Rating: 5
Powered by Blogger.