အချက်အလက်လေ့လာဖို့ ဒစ်ဂျစ်တယ် လူ့နှလုံးသားတွေ စုဆောင်း


လန်ဒန်မှ ဆရာဝန်တွေက ခုန်နေတဲ့ လူ့နှလုံး ၁၆၀၀ ကို ဒစ်ဂျစ်တယ်စနစ်နဲ့ ကွန်ပျူတာမှာ သိမ်းဆည်းထားနိုင်ပြီ ဖြစ်ပါတယ်။

နှလုံးတွေရဲ့ အသေးစိတ်အချက်အလက်နဲ့ လူနာတွေရဲ့ မျိုးရိုးဗီဇတွေကို နှိုင်းယှဉ်ပြီး ကုသမှုနည်းသစ်တွေ တိုးလုပ်သွားဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ဟမ်မာစမစ် ဆေးရုံက ဆေးပညာဆိုင်ရာ သုတေသန ကောင်စီရဲ့ ဆေးဝါးကုသမှု သိပ္ပံ စင်တာရှိ သိပ္ပံပညာရှင်တွေက နှလုံးရောဂါသည် ၁၆၀၀ ရဲ့နှလုံးတွေကို 3D ဗီဒီယို စကင်ဖတ်ပြီး ဆန္ဒရှိသူ လူနာတဦးချင်းထံက မျိုးရိုးဗီဇ အချက်အလက်တွေကို စုဆောင်းနေတာ ဖြစ်ပါတယ်။

နှလုံးလေ့လာမှုမှာ ပါဝင်တဲ့ ဒေါက်တာ Declan O'Regan က နှလုံးတခုရဲ့ ပြတ်သားတဲ့ 3D ရုပ်ပုံတွေကြောင့် နှလုံးရောဂါဖြစ်ပွားရတဲ့ အကျိုးအကြောင်း ဆက်စပ်မှုကို ပိုမိုနားလည်နိုင်မှာဖြစ်ပြီး ရောဂါသည်တွေ လိုအပ်ချိန်မှာ မှန်ကန်တဲ့ကုသမှုကို ပေးနိုင်ဖို့ဖြစ်တယ်လို့ ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
အချက်အလက်လေ့လာဖို့ ဒစ်ဂျစ်တယ် လူ့နှလုံးသားတွေ စုဆောင်း အချက်အလက်လေ့လာဖို့ ဒစ်ဂျစ်တယ် လူ့နှလုံးသားတွေ စုဆောင်း Reviewed by သစ်ထူးလွင် on 15:40 Rating: 5
Powered by Blogger.