အာဖဂန် နှင်းထုပြိုကျမှု လူ ၂၀ဝ ခန့် သေဆုံး


အာဖဂန် နစ္စတန် နိုင်ငံ၊ ကဘူးလ်မြို့ မြောက်ပိုင်းမှာ တောင်ပေါ်ကနေ နှင်းထုတွေ နေအိမ်တွေပေါ် ပြိုကျမှုကြောင့် လူ ၂၀ဝ နီးပါး သေဆုံးပြီး ၁၃၀ လောက် ဒဏ်ရာ ရသွားတယ်လို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။

နှင်းထုတွေ အောက်မှာလည်း လူတွေ ဒါဇင်နဲ့ချီ ပိတ်မိနေပြီး သူတို့ကို ကယ်တင်နိုင်ဖို့ ကယ်ဆယ်ရေး အဖွဲ့က ရှာဖွေ နေဆဲ ဖြစ်ပေမယ့် နှင်းတွေကြောင့် အဟန့်အတား ဖြစ်နေတယ်လို့ ဆိုပါတယ်။

ပန်ဂ်ျရှား ပြည်နယ်က အများစု ဖြစ်တဲ့ သေဆုံးသူတွေကို သင်္ဂ࿿ြိုဟ်ဖို့လည်း နှင်းထုကြောင့် နှောင့်နှေး နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

အာဖဂန်မှာ သိပ်မအေးတဲ့ သာမန် ဆောင်းရာသီကို ကြုံခဲ့ရပြီးနောက် ခုလို ရုတ်တရက် ရာသီဥတု ပြင်းထန်ပြီး နှင်းတွေ အကြီးအကျယ် ကျခဲ့တာကြောင့် ဒေသခံတွေကို အံ့အား သင့်စေခဲ့ ပါတယ်။

နှင်းထု ပြိုကျမှုတွေ အာဖဂန်မှာ အရင်က ဖြစ်လေ့ ရှိခဲ့ပေမယ့် အခု တစ်ကြိမ်က လူအသေအပျောက် အများဆုံး ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2015/02/150226_afghan_avalanches
အာဖဂန် နှင်းထုပြိုကျမှု လူ ၂၀ဝ ခန့် သေဆုံး အာဖဂန် နှင်းထုပြိုကျမှု လူ ၂၀ဝ ခန့် သေဆုံး Reviewed by သစ်ထူးလွင် on 21:33 Rating: 5
Powered by Blogger.