တပ်မတော် စစ်ကြောင်းများနှင့် ဆက်သွယ်ရေး လမ်းကြောင်းများအား ပိတ်ဆို့ထားသော ကိုးကန့် သောင်းကျန်းသူများ အဖွဲ့များ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား


နေပြည်တော် ဖေဖော်ဝါရီ ၂၁

ကိုးကန့်သောင်းကျန်းသူများသည် လောက်ကိုင်မြို့သို့ ဆက်သွယ်သည့် လမ်းကြောင်းများအား ဖြတ်တောက် ပိတ်ဆို့ကာ လောက်ကိုင်မြို့အား အုပ်ချုပ်မှုခက်ခဲစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသဖြင့် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီ ၂ဝ ရက် မွန်းလွဲပိုင်းမှစ၍ ကုန်းကြမ်း-လောက်ကိုင် လမ်းကြောင်းရှိ (၁၈) မိုင်လမ်းဆုံအနီး တစ်ဝိုက်တွင် အခြေပြုခံစစ်ယူ ထားသည့် ကိုးကန့်သောင်းကျန်းသူများအား တပ်မတော်စစ်ကြောင်းများက ဝိုင်းပတ် ပိတ်ဆို့ရှင်းလင်းရာ စုစုပေါင်းတိုက်ပွဲ (၆) ကြိမ်ဖြစ်ပွားခဲ့ပြီး ကိုးကန့်သောင်းကျန်းသူများ ယာယီခံစစ်ယူထားသည့် တောင်ကုန်း တစ်ကုန်းအား သိမ်းပိုက်ရရှိခဲ့၍ အလောင်းနှစ်လောင်း၊ အမ် (၂၂) ၃ လက်၊ ၄င်းကျည်အိမ် ၃ ခုနှင့် ကျည် ၁၅တောင့်တို့အား သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ တိုက်ပွဲများတွင် တပ်မတော်မှ စစ်သည်တစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူ ခဲ့ပြီးရှစ်ဦးဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာ ရစစ်သည်များအား တပ်မတော် ရဟတ်ယာဉ်ဖြင့် လားရှိုးမြို့သို့ ဆက်လက်ပို့ဆောင် ၍ ဆေးကုသစေလျက် ရှိသည်။

ယနေ့တွင် တပ်မတော်စစ် ကြောင်းများက အဆိုပါ (၁၈) မိုင် လမ်းဆုံအနီး တစ်ဝိုက်ရှိ ကိုးကန့် သောင်းကျန်းသူများအား ဆက်လက် ရှင်းလင်းဆောင်ရွက် ရာ ကိုးကန့် သောင်းကျန်းသူများက စက်သေနတ်များ၊ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား၍ တပ်မတော်ကတိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြင့် လေကြောင်းပစ်ကူနှစ်ကြိမ်ဆောင်ရွက်ခဲ့သည်။ တပ်မတော်က သောင်းကျန်းသူများအား ဝိုင်းပတ်ထိန်းချုပ် အမြစ်ပြတ် တိုက်ခိုက်နိုင်ရေး လိုအပ်သောစစ်ကူများ ထပ်မံဖြည့်တင်း၍ ဆက်လက် တိုက်ပွဲဝင်လျက်ရှိသည်။

ယနေ့ တိုက်ပွဲများတွင် တပ်မတော်မှ စစ်သည်နှစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ပြီး အရာရှိ၊ စစ်သည်ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။ လောက်ကိုင် ဒေသအတွင်း တပ်မတော် စစ်ကြောင်းများက ဆက်သွယ်ရေး လမ်းကြောင်းများ အား ဖြတ်တောက်ပိတ်ဆို့လျက်ရှိ သည့် ကိုးကန့် သောင်းကျန်းသူအဖွဲ့ များအား ဆက်လက်တိုက်ခိုက်၍ နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MYANMAALINNNEWS

တပ်မတော် စစ်ကြောင်းများနှင့် ဆက်သွယ်ရေး လမ်းကြောင်းများအား ပိတ်ဆို့ထားသော ကိုးကန့် သောင်းကျန်းသူများ အဖွဲ့များ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား တပ်မတော် စစ်ကြောင်းများနှင့် ဆက်သွယ်ရေး လမ်းကြောင်းများအား ပိတ်ဆို့ထားသော ကိုးကန့် သောင်းကျန်းသူများ အဖွဲ့များ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား Reviewed by သစ်ထူးလွင် on 07:21 Rating: 5
Powered by Blogger.