ရေချိုးခန်းထဲမှ အမျိုးသမီးများကို ဗီဒီယိုရိုက်မှုဖြင့် တရားစွဲခံရသည့် ဂျူးဘုန်းကြီး အယူခံ လျှောက်ထား


ဝါရှင်တန် ဖေဖော်ဝါရီ ၂ဝ

ရဟူဒီဘာသာရေးဆိုင်ရာ စုရပ်ကျောင်းတော်ရှိ ရေချိုးခန်းတွင် လာရောက်သန့်စင်သော အမျိုးသမီး များကို ဗီဒီယိုခိုးရိုက်ခဲ့မှုဖြင့် တရားစွဲခံထားရသော ဂျူးဘုန်းကြီးတစ်ပါးသည် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီးနောက် အယူခံလျှောက်ထားခဲ့ကြောင်း ဘီဘီစီ သတင်းဌာနက ယနေ့ဖော်ပြသည်။

အသက်(၆၃)နှစ်အရွယ်ရှိ ဘာရီဖရန်ဒယ်ဆိုသူ အဆိုပါဂျူးဘုန်းကြီးသည် ဝါရှင်တန်ရှိ ဘာသာရေး စုရပ်ကျောင်းတော်မှ ရေချိုးခန်းအတွင်း၌ အမျိုးသမီး များကို လျှို့ဝှက်စွာဗီဒီယိုမှတ်တမ်းတင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ရဟူဒီဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာအရ အမျိုးသမီးများသည် ရေချိုးအဝတ်လဲရပြီး အဆိုပါ ဝတ်ပြုခြင်းဆိုင်ရာလုပ်ငန်းကို mikvah လုပ်ခြင်းဟု ခေါ်သည်။ ဘာရီဖရန်ဒယ်က အမျိုးသမီး ၅၂ဦး၏ ရေချိုးခန်းလှုပ်ရှားမှုများကို ဗီဒီယိုမှတ်တမ်းတင်ခဲ့ ကြောင်း ဝန်ခံခဲ့ပြီး အစိုးရရှေ့နေများက ၄င်းအနေဖြင့် ထောင်ဒဏ်ကျခံရနိုင်ကြောင်း ပြောသည်။

လက်ရှိအချိန် တွင် ၅၂ဦးကိုသာ အတည်ပြုနိုင်ပြီး အမှန်တကယ်မှာ ၁၅ဝ ခန့်ရှိနိုင်ကြောင်း အစိုးရရှေ့နေများက ပြော သည်။ အဆိုပါပြစ်မှုဖြင့် ဘာရီဖရန်ဒယ်သည် ၂ဝ၁၄ ခုနှစ်အောက်တိုဘာလတွင် စတင်အဖမ်းခံခဲ့ရသည်။

ဖရန်ဒယ်သည် အမေရိကန်ပြည်ထောင်စု ဝါရှင် တန်တွင် ၂၅နှစ်ကြာ ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဘာသာရေးဆိုင်ရာ ရေချိုး ခန်းတာဝန်ရှိသူတစ်ဦးထံမှနေ၍ ၄င်း၏လျှို့ဝှက်မှတ် တမ်းတင်ခြင်းအစီအစဉ်များ ပေါက်ကြားရာမှတစ်ဆင့် ၄င်းကိုရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

T 1 P (Ref : BBC)
The Union Daily
http://uniondaily.net/News/DetailView.aspx…
ရေချိုးခန်းထဲမှ အမျိုးသမီးများကို ဗီဒီယိုရိုက်မှုဖြင့် တရားစွဲခံရသည့် ဂျူးဘုန်းကြီး အယူခံ လျှောက်ထား ရေချိုးခန်းထဲမှ အမျိုးသမီးများကို ဗီဒီယိုရိုက်မှုဖြင့် တရားစွဲခံရသည့် ဂျူးဘုန်းကြီး အယူခံ လျှောက်ထား Reviewed by သစ်ထူးလွင် on 19:23 Rating: 5
Powered by Blogger.