ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွား


ကျောက်တံခါး ဇန်နဝါရီ ၂၁

ဇန်နဝါရီ ၂ဝ ရက် မွန်းလွဲ ၁ နာရီ ၄၅မိနစ်က ကျောက်တံခါးမြို့ နယ် ပဲနွယ်ကုန်းနယ်မြေ ရဲစခန်း၏ မြောက်ဘက် ခြောက်ဖာလုံခန့်အကွာ ရန်ကုန်-မန္တလေးကားလမ်းမိုင်တိုင် အမှတ် ၁၂၂/၆ နှင့် ၁၂၂/၇ အကြား တွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိကြောင်း သတင်းအရ စခန်းမှူး ရဲအုပ်ဝင်းနိုင်နှင့်အဖွဲ့ သွားရောက် စစ်ဆေးခဲ့သည်။

ဖြစ်စဉ်မှာ မန္တလေးဘက်မှရန်ကုန် ဘက်သို့ ယာဉ်မောင်းအောင်ကျော် လင်း(၂၅ နှစ်) တဖက်ကာကျေး ရွာ ရမည်းသင်းမြို့နေသူ မောင်းနှင် လာသည့် ၄ဂ/---- ထက်ဦး (မှန် လုံအမြန်ယာဉ်)သည် ရှေ့မှသွား နေသည့်ယာဉ်ကို ကျော်တက်စဉ် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ လာသည့် ယာဉ်မောင်း ကျော်သန့် ဝင်း (၃၁ နှစ်) မလယ်ရွာနွားထိုး ကြီးမြို့နယ်နေသူ မောင်းနှင်သည့် 3c/-----ဟီးနိုး ၁၂ ဘီးယာဉ်ဖြင့် တိုက်မိခဲ့၍ ထက်ဦး (မှန်လုံအမြန် ယာဉ်)မှ ယာဉ်မောင်း အောင်ကျော် လင်း၌ ဒဏ်ရာများရရှိပြီး (စိုးရိမ်ရ)နှင့် မှန်လုံအမြန်ယာဉ်နောက် လိုက် ညိုအောင်(၂၅ နှစ်) ဝက်ကုန် ကျေးရွာ ပျဉ်းမနားမြို့နေသူ (မစိုး ရိမ်ရ) ဒဏ်ရာများနှင့် ခရီးသည် မသီတာဝင်း (၁၉ နှစ်)မူခရမ်း ရွာ ကျောက်တံခါးမြို့နေသူနှင့် 3c/----- ယာဉ်နောက်လိုက် မောင်မောင် (၁၉ နှစ်) မလယ်ရွာ နွားထိုးကြီးမြို့နေသူ၌ ဒဏ်ရာများ ရရှိသွားသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ အောင်ကျော်လင်းနှင့် ကျော်သန့်လွင်တို့ကို ပဲနွယ်ကုန်း နယ်မြေရဲစခန်းက အရေးယူထား ကြောင်း သိရသည် ။

မျိုးဦး(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွား ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွား Reviewed by သစ်ထူးလွင် on 04:55 Rating: 5
Powered by Blogger.