လမ်းပြောင်းပြန် ကျော်တက် မောင်းနှင်သည့်ယာဉ်မှ ယာဉ်(၂)စီးနှင့် လမ်းကူးသူတို့အား တိုက်မိ


ရန်ကုန်၊ ဇန်န၀ါရီ ၃၁

၂၉.၁.၂၀၁၅ ရက်နေ့ ၁၆၀၀ အချိန်တွင် ကမာရွတ်မြို့နယ်၊ ဘုရင့်နောင်လမ်း အတိုင်း လှိုင်မြို့နယ်ဘက်မှ ကမာရွတ်မြို့နယ်ဘက်သို့ ယာဉ်မောင်း ကိုဇင်မျိုးကျော် မောင်းနှင်လာသော 2C---ဖူဆိုဘတ်စ် (၃၃၃)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် ယုဇနလမ်း ထိပ်အရောက် တစ်ဘက်ယာဉ်ကြောမှ လမ်းပြောင်းပြန် ကျော်တက် မောင်းနှင်စဉ် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော 3G-----ဟွန်းဒိုင်း လိုက်ထရပ်ယာဉ်နှင့် 7D---- HONDA INSIGHT ယာဉ်တို့အား ၀င်ရောက်တိုက်မိ သည့်အပြင် ဆက်လက်၍ လမ်းဖြတ်ကူးသူ အင်းစိန်မြို့နယ်နေ မနန္ဒာတိုး (၃၅)နှစ်အား ထပ်မံ တိုက်မိခဲ့ပြီး အခင်းဖြစ် နေရာတွင် ယာဉ်ကို ထားကာ ထွက်ပြေး တိမ်းရှောင်သွား ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၃)စီး ပျက်စီးသွားခဲ့ပြီး ယာဉ်တိုက်ခံရသူ မနန္ဒာတိုးတွင် ဖူးရောင်၊ နာကျင်ဒဏ်ရာများ ရရှိကာ ရန်ကုန် ဆေးရုံကြီး၌ ပြင်ပလူနာအဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင် မောင်းနှင်သဖြင့် ယာဉ်တိုက်မှုဖြစ်ကာ ထွက်ပြေးတိမ်းရှောင်သွားသူ 2C---ယာဉ်မောင်း ကိုဇင်မျိုးကျော်အား ကမာရွတ်မြို့မ ရဲစခန်းယာဉ်(ပ)၁၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၇/၂၇၉/ ၂၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
လမ်းပြောင်းပြန် ကျော်တက် မောင်းနှင်သည့်ယာဉ်မှ ယာဉ်(၂)စီးနှင့် လမ်းကူးသူတို့အား တိုက်မိ လမ်းပြောင်းပြန် ကျော်တက် မောင်းနှင်သည့်ယာဉ်မှ ယာဉ်(၂)စီးနှင့် လမ်းကူးသူတို့အား တိုက်မိ Reviewed by သစ်ထူးလွင် on 14:29 Rating: 5
Powered by Blogger.