ပြင်သစ် မဂ္ဂဇင်း စောင်ရေ ၅ သန်း စံချိန်တင်


ပြင်သစ် နိုင်ငံမှာ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ရှာလီ အက်ဘ်ဒိုး မဂ္ဂဇင်းဟာ ဒီကနေ့မှာ သူတို့ရဲ့ နောက်ဆုံးထွက် စာစောင်ကို စောင်ရေ ၃ သန်း ဖြန့်ချိ ခဲ့ရာမှာ နာရီပိုင်း အတွင်းမှာပဲ ရောင်းကုန် သွားခဲ့တာကြောင့် စောင်ရေ ၅ သန်း အထိ ထပ်မံ စံချိန်တင် ရိုက်နှိပ် ခဲ့ရပါတယ်။

ဒီမဂ္ဂဇင်းကို အရင်က အပတ်စဉ် ပုံမှန် စောင်ရ ၆ သောင်း ခန့်သာ ဖြန့်ချိ ခဲ့ရတာ ဖြစ်ပေမယ့် အခု နောက်ဆုံးထွက် မဂ္ဂဇင်းကို ပဲရစ်မြို့တော်က စာစောင် ရောင်းတဲ့ ဆိုင်တွေမှာ လူတွေ တန်းစီ ဝယ်ယူ ခဲ့ကြပါတယ်။

အခု ထုတ်ဝေတဲ့ မဂ္ဂဇင်း မျက်နှာဖုံးမှာ တမန်တော် မိုဟာမက် ကာတွန်းပုံ ဖော်ပြတဲ့အတွက် တချို့ မွတ်ဆလင် နိုင်ငံတွေက ဒါကို ကန့်ကွက် ခဲ့ကြပါတယ်။

ပြင်သစ်မှာ ၃ ရက်ဆက်တိုက် အကြမ်းဖက် တိုက်ခိုက် ခံရမှုအတွင်း ဒီမဂ္ဂဇင်းတိုက်က လူ ၁၂ ဦး အပါအဝင် စုစုပေါင်း လူ ၁၇ ဦး သေဆုံး ခဲ့ရပါတယ်။

BBC Burmese
http://www.bbc.co.uk/…/150114_charlie_hebdo_copies_new_reco…
ပြင်သစ် မဂ္ဂဇင်း စောင်ရေ ၅ သန်း စံချိန်တင် ပြင်သစ် မဂ္ဂဇင်း စောင်ရေ ၅ သန်း စံချိန်တင် Reviewed by သစ်ထူးလွင် on 21:30 Rating: 5
Powered by Blogger.