၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကိုယ်ကျိုး စီးပွား ကာကွယ်လိုသူ တစ်စုမှ မပြင်လိုခြင်း ဖြစ်ဟု သူရဦးအောင်ကိုပြော


နေပြည်တော်

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကိုယ်ကျိုး စီးပွား ကာကွယ်လိုသူ တစ်စုမှ မပြင်လို ကြကြောင်း ကြံ့ခိုင်ရေး ပါတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကိုက ပြောသည်။  ဒီနေရာမှာ လူတစ်စု အကျိုး စီးပွားနဲ့ လူထု အကျိုး စီးပွား ယှဉ်လာတဲ့ အခါ ဘယ်ဘက်က ရပ်တည် သင့်တယ် ဆိုတာ အဖြေက ရှင်းနေပါတယ်။ တိုင်းပြည် သာယာ လှပအောင် နှစ်ဖက် စလုံးရဲ့ အကျိုး စီးပွားဘက်က ရပ်တည် သင့်တယ်လို့ ပြောပါရစေ။ လူတစ်စုရဲ့ အကျိုး စီးပွား ကိုလည်း မထိပါး စေဘဲ လူထုရဲ့ အကျိုး စီးပွားကို ကာကွယ် မြှင့်တင် ပေးခြင်းက လက်ရှိ အခြေအနေမှာ အကောင်းဆုံးပဲ ဖြစ် ပါတယ်  ဟု ၎င်းက ဆက်ပြောသည်။ လက်ရှိတွင် ပြည်ထောင်စု လွှတ်တော်မှ ၂၀၀၈ ခုနှစ်၊ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် နိုင်ရန် အတွက် ကော်မတီ တစ်ရပ် ဖွဲ့စည်းကာ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ရေးဆွဲ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ (၅၉) ကို ပြင်သည် ဖြစ်စေ၊ မပြင်သည် ဖြစ်စေ၊ မြန်မာ တိုင်းရင်းသားများ အနေဖြင့် တရုတ်၊ အိနိ္ဒယ၊ ဥရောပ တိုက်သား များအား သမ္မတ နန်းတော်ထဲတွင် ရှိသော သီဟာသန ရွှေပလ္လင် အပေါ် တင်ပြီး ကိုးကွယ် ကြရ လောက်သည် အထိ သဘောထားကြီး ကြမည်ဟု မထင်ကြောင်း သူရ ဦးအောင်ကိုက ဆက်ပြောသည်။

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေက ဒီမိုကရေစီ စံညွှန်းတွေနဲ့ မကိုက်ညီ တာကြောင့် ပြည်သူ အားလုံးက လိုလို လားလားနဲ့ ပြင်ဆင် လိုကြ ပါတယ်။ နိုင်ငံတကာရဲ့သဘောထား ကလည်း အတူတူပါပဲ ဟု ၎င်းက ဆိုသည်။ ထို့ပြင် တာဝန်ရှိသူများ အနေဖြင့် ပြည်သူများ ကလေးစား အားထား ကြသည့် သူများ တွေ့ဆုံ၊ ညှိနှိုင်း၊ အဖြေရှာသည့် နိုင်ငံရေး ယဉ်ကျေးမှုကို အလျင်အမြန် ဖော်ဆောင်ရန်မှ တစ်ပါး အခြားမရှိကြောင်း သူရဦးအောင်ကို က ဆက်ပြောသည်။ လက်ရှိ ကျင်းပနေသော လွှတ်တော် အစည်းအဝေး များတွင် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် ဆွေးနွေး ကြမည် ဖြစ်သည်။

MDN
Messenger News Journal
http://www.messengernewsjournal.com/news/Local/detail.php?id=30134

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကိုယ်ကျိုး စီးပွား ကာကွယ်လိုသူ တစ်စုမှ မပြင်လိုခြင်း ဖြစ်ဟု သူရဦးအောင်ကိုပြော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကိုယ်ကျိုး စီးပွား ကာကွယ်လိုသူ တစ်စုမှ မပြင်လိုခြင်း ဖြစ်ဟု သူရဦးအောင်ကိုပြော Reviewed by သစ်ထူးလွင် on 12:54 Rating: 5
Powered by Blogger.