အိန္ဒိယတွင် အရက်အဆိပ်သင့်ရာမှ ၁၄ ဦးသေဆုံး ၂ဝဝ၈ခုနှစ် နောက်ပိုင်း အရက်အဆိပ်သင့် သေဆုံးသူ ၃၂၁ဦးရှိ


ဒေလီ ဇန်နဝါရီ ၁၃

အိန္ဒိယနိုင်ငံ အက်တာပရာဒက်ပြည် နယ်တွင် အရက်အဆိပ်သင့်ရာမှ ယမန်နေ့ တွင် ၁၄ ဦးသေဆုံးခဲ့ရာ ၂ဝဝ၈ ခုနှစ် နောက်ပိုင်း အိန္ဒိယနိုင်ငံ၌ အရက်အဆိပ် သင့်သေဆုံးခဲ့သူ ၃၂၁ ဦး ရှိခဲ့ပြီဖြစ်ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြထားသည်။

သေဆုံးသူများသည် ရွာသားများဖြစ် ပြီး အရက်သောက်ပြီးနောက် နာမကျန်း ဖြစ်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။ လက်ရှိ အချိန်တွင် သေဆုံးစာရင်းမှာ မတည်ငြိမ် သေးဘဲ အရက်အဆိပ်သင့်ပြီး ဆေးရုံပေါ် တွင် ဆေးကုသမှုခံယူနေရသူ တစ်ရာ ကျော်ရှိနေကြောင်း သိရသည်။

အရက် အဆိပ်သင့်ခြင်းသည် အိန္ဒိယနိုင်ငံတွင် ဖြစ်လေ့ဖြစ်ထရှိပြီး ဈေးချိုသည့် တော အရက်များကို သောက်သုံးရာမှ အဆိပ်သင့် ရခြင်းဖြစ်ကြောင်း သိရသည်။

ယခု အရက်အဆိပ်သင့်သူများသည် နီးစပ်ရာဆေးရုံများသို့ အမြန်ပြေးခဲ့ကြ ရသည်။ အာဏာပိုင်များက စုံစမ်းမှုများ ပြုလုပ်နေသော်လည်း ယနေ့အထိ အရေး ယူမှုတစ်စုံတစ်ရာမရှိသေးကြောင်း သိရ သည်။

အိန္ဒိယနိုင်ငံတွင် အရက်အဆိပ်သင့် မှုကြောင့် ၂ဝဝ၉ ခုနှစ် ဇူလိုင်တွင် ၁ဝ၇ဦး၊ ၂ဝဝ၉ခုနှစ် စက်တင်ဘာတွင် ၃ဝ၊ ၂ဝ၁၁ ခုနှစ်တွင် ၁၇ဝ သေဆုံးခဲ့ကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ သေဆုံးစာရင်းသည် အနည်းဆုံးခန့်မှန်း စာရင်းဖြစ်သည်။

T 1 P ( Ref : BBC)
The Union Daily
http://uniondaily.net/News/DetailView.aspx…
အိန္ဒိယတွင် အရက်အဆိပ်သင့်ရာမှ ၁၄ ဦးသေဆုံး ၂ဝဝ၈ခုနှစ် နောက်ပိုင်း အရက်အဆိပ်သင့် သေဆုံးသူ ၃၂၁ဦးရှိ အိန္ဒိယတွင် အရက်အဆိပ်သင့်ရာမှ ၁၄ ဦးသေဆုံး ၂ဝဝ၈ခုနှစ် နောက်ပိုင်း အရက်အဆိပ်သင့် သေဆုံးသူ ၃၂၁ဦးရှိ Reviewed by သစ်ထူးလွင် on 14:51 Rating: 5
Powered by Blogger.