ပရာဒိုကား တံတားပေါ်မှ ပြုတ်ကျပြီး လမ်းဘေးရှိ နေအိမ်အား ထပ်မံ ၀င်တိုက်မှုဖြစ်ပွား


ရန်ကုန် ၊ ၂၈-၁-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် တာမွေလေး ရပ်ကွက် မင်းရဲကျော်စွာ ခုံးတံတားပေါ်၌ ပရာဒို အမျိုးအစား ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တံတားဘေး လက်ရန်းတိုင် များကို ဝင်တိုက်ပြီး လမ်းဘေးရှိ လူနေအိမ်အား ထပ်မံဝင်တိုက်မှု ယမန်နေ့ည ၇ နာရီခွဲတွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်မှ တာမွေမြို့နယ် တာမွေလေး ရပ်ကွက်ဘက်သို့ လေးထောင့်ကန် လမ်းမကြီး အတိုင်း ယာဉ်မောင်း ဦးဝင်းအောင် အသက် ၄၇ နှစ် မောင်းနှင် လာသော ပရာဒို အမျိုးအစား ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ မင်းရဲကျော်စွာ ခုံးတံတား အဆင်း လက်ရန်းတိုင် များအား ဝင်တိုက်ကာ ၅ ပေခွဲခန့် အမြင့်မှ ပြုတ်ကျပြီး လမ်းဘေးရှိ အိမ်အမှတ် (၁၁၁) ဦးရဲတင့်ပိုင် နေအိမ်အား ထပ်မံ ဝင်ရောက် တိုက်မိခဲ့သည်။

အဆိုပါ ယာဉ် မတော်တဆမှု ကြောင့် ယာဉ်မောင်း ဦးဝင်းအောင်မှာ နှာခေါင်းသွေးလျှံ၊ နားထင်၊ နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာများ ရရှိသဖြင့် သင်္ဃန်းကျွန်း ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေး ခဲ့သည်။ ယာဉ်တိုက်မှုကြောင့် အိမ်နှင့် ယာဉ်ပျက်စီးမှု တန်ဖိုး ငွေကျပ် ၁၅ သိန်းခန့် ပျက်စီး သွားခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိ သူများမှ လိုအပ်သည်များကို စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ကောင်းစစ်နိုင် ၊ ဇာနည်မောင်

‪Themyawadydaily‬
‪‎မြ၀တီနေ့စဉ်‬
https://www.facebook.com/TheMyawadyDaily
ပရာဒိုကား တံတားပေါ်မှ ပြုတ်ကျပြီး လမ်းဘေးရှိ နေအိမ်အား ထပ်မံ ၀င်တိုက်မှုဖြစ်ပွား ပရာဒိုကား တံတားပေါ်မှ ပြုတ်ကျပြီး လမ်းဘေးရှိ နေအိမ်အား ထပ်မံ ၀င်တိုက်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 15:05 Rating: 5
Powered by Blogger.