ရေစိုဖြင့် မီးခလုတ်ပိတ်ရာမှ ဓါတ်လိုက်သေဆုံး


ရန်ကုန်၊ ဇန်န၀ါရီ ၂၀

၁၉.၁.၂၀၁၅ ရက်နေ့ ၁၈၀၀ အချိန်တွင် လှိုင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်မြို့နယ်၊ (၁)ရပ်ကွက်တွင် အမျိုးသမီး တစ်ဦး ဓါတ်လိုက် သေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အသက်(၄၈)နှစ်ရှိ အမျိုးသမီးဖြစ်ပြီး ယာလက်မောင်း/လက်ဖျံ/ယာဒူး၊ ၀ဲခြေချောင်းတို့တွင် အပူလောင်စုတ်ပြဲ ဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၁၇၄၅ အချိန်ခန့်က နေအိမ်၌ အ၀တ်လျှော် နေစဉ် ရေစိုဖြင့် နေအိမ်ရှေ့ရှိ ရေတင်စက်မီးခလုတ်အား ပိတ်ခဲ့ရာမှ ဓါတ်လိုက် ခံရကာ ဒဏ်ရာများ ရရှိသေဆုံးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ လှိုင်မြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၅)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ရေစိုဖြင့် မီးခလုတ်ပိတ်ရာမှ ဓါတ်လိုက်သေဆုံး ရေစိုဖြင့် မီးခလုတ်ပိတ်ရာမှ ဓါတ်လိုက်သေဆုံး Reviewed by သစ်ထူးလွင် on 15:50 Rating: 5
Powered by Blogger.