ကျွန်းလှမြို့နယ် တောင်တက်လမ်း၌ ယာဉ်ဘရိတ်ပေါက်ကာ လျှောကျ တိမ်းမှောက်သဖြင့် သေဆုံး/ဒဏ်ရာရ


နေပြည်တော်၊ ဇန်နဝါရီ ၂၉

၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂ရ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကျွန်းလှမြို့နယ်၊ မော်ကယ်ကျေးရွာရှိ၊ အင်ဟောင်တောင် အနောက်ဘက်၊ နတ်စင်ကုန်း အတက်မြေသား ကားလမ်း၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ကျွန်းလှမြို့နယ်၊ ပေပင်ချောင်ရဲကင်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မော်ကယ် ရေနံမှော်ဘက်မှ မော်ကယ်ကျေးရွာဘက်သို့ ရေဦးမြို့၊ ဇီးခြံရပ်နေ မိုက်ကယ်(ခ)သန်းဇော်ထွေး(၂၅)နှစ် မောင်းနှင်လာသည့် 4D HENO ဇီးရောင်(၁ဝ)ဘီးယာဉ်သည် တောင်တက်လမ်း၌ ဘရိတ်ပေါက်၍ နောက်သို့လျှောကျကာ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော ကလေးဝမြို့နယ်၊ ချင်းချောင်းကျေးရွာနေ မောင်မော့(၂ဝ)နှစ်နှင့် ကျွန်းလှမြို့နယ်၊ မော်ကယ်ကျေးရွာနေ မဇင်မာထွန်း(၁၃)နှစ်တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံး သွားခဲ့ပြီး မော်ကယ်ကျေးရွာနေ မဇင်မာမြင့်(၁၇)နှစ်ပါ(၃)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် မိုက်ကယ်(ခ)သန်းဇော်ထွေးအား သဖန်းဆိပ်နယ်မြေရဲစခန်း ယာဉ်(ပ)၁/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ကျွန်းလှမြို့နယ် တောင်တက်လမ်း၌ ယာဉ်ဘရိတ်ပေါက်ကာ လျှောကျ တိမ်းမှောက်သဖြင့် သေဆုံး/ဒဏ်ရာရ ကျွန်းလှမြို့နယ် တောင်တက်လမ်း၌ ယာဉ်ဘရိတ်ပေါက်ကာ လျှောကျ တိမ်းမှောက်သဖြင့် သေဆုံး/ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 18:50 Rating: 5
Powered by Blogger.