သရုပ်ဆောင် မင်းအုပ်စိုး သတ်လိုက်တဲ့ တေးနုယဉ် ရဲ့ facebook ပေါ်က နောက်ဆုံး ပို့စ် ၂ ခုမှာ ဘာတွေ တင်ထားလဲ

မနုနုယဉ်(ခ) တေးနုယဉ်

မနုနုယဉ်(ခ) တေးနုယဉ်၊ (၃၃)နှစ်အား ၂၅.၁၂.၂၀၁၄ ရက်နေ့ ၀၄၃၀ အချိန်တွင် ဗဟန်းမြို့နယ်နေ ရုပ်ရှင်သရုပ်ဆောင် မင်းအုပ်စိုး က ၎င်း၏အိပ်ခန်း အတွင်း၌ လက်သီးဖြင့် ထိုးခြင်း၊ ဆောင့်တွန်းခြင်း၊ ကိုင်ဆောင့်ခြင်း၊ ခြေထောက် ဖြင့်ကန် ခြင်းများ ပြုလုပ်ခဲ့တာကြောင့် သေဆုံးခဲ့ရပါတယ်။

အဆိုပါ သေဆုံးသူရဲ့ facebook စာမျက်နှာမှာ နောက်ဆုံး တင်ခဲ့တဲ့ ပို့ စ် ၂ ခု ဘာတွေ တင်ထားခဲ့လဲ --


မယ်ကူးရေ . . .
မယ်ကူးရဲ့ ၅ကြိမ်မြောက် ခရစ္စမတ်ညမှာအတူတူကစားပေးမယ်နော်။
၂၀၁၄ တုန်းက မယ်ကူးလေးရဲ့ ခရစ္စမတ်မှာ အတူတူကစားမပေးနိုင်ခဲ့လို့ ဒီနှစ်တော့ အတိုးချ ကစားပေးနိုင်ကောင်းရဲ့။
ချစ်ရပါသော
ယောနု



သေမင်းက အချိန်တန်ပြီ ပြန်အပ်တော့ဆိုရင်
++++++++++++++

ယနေ့သူတော်စင်များ ပျက်စီးသွားတဲ့ ကိုယ့်ဆွေမျိုးသားချင်း ကိုယ့်မိသားစုအပေါ်မှာ စွဲမက်တွယ်တာတဲ့ ခွဲမရတဲ့ တဏှာ မရှိဘူးလား. ရှိပါတယ်။ အဲ့ဒီစွဲမက်မှု့ တဏှာတွေ ခွဲခွာလို့မရလောက်အောင်ကို ကိုယ့်ကိုချည်နှောင်ထားတဲ့ ဒီကိလေသာ.. အဲ့ဒီကိလေသာက အပါယ်ချလိမ့်မယ်။ ဘယ်သူကအပါယ်ချမှာတုန်း..ကိလေသာ။

ဒါဖြင့်ရင် ညာတိဗျဿန ဘေးနဲ့မကြုံရပါလို၏လို့ ဆုတောင်းနေတဲ့ပုဂ္ဂိုလ်တွေ ဆုတောင်းပြည့်လား… မပြည့်ပါဘူး။ အဲ့ဒီမပြည့်တဲ့ကြားထဲ မှာ ကိုယ့်ကိုဘယ်ကိုဆွဲချအုံးမလဲမေးရင် …အပါယ်ဆွဲချအုံးမှာ။

ဒါဆို ဆွေမျိုးညာတကာသားသမီးက ဆွဲချမှာ လား ကိလေသာက ဆွဲချမှာလား..ကိလေသာနော်။ ဒီလိုဆိုရင် ဒို့တွေအားလုံးက ဥာဏ်ခွဲခွဲနိုင်အောင်ကြိုးစားရ မယ်။ ဘယ်လိုကြိုးစားရမယ်.. ဥာဏ်ခွဲခွဲနိုင်အောင်။

ဥာဏ်ခွဲခွဲနိုင်အောင်ကြိုးစားရမယ်ဆိုတော့ ရရှိထားတဲ့ ခန္ဓာ သည် ဆုံးရှုံးပျက်စီးသွားတဲ့ပုဂ္ဂိုလ်လည်းခန္ဓာ ကျန်ရစ်တဲ့ပုဂ္ဂိုလ်လည်းခန္ဓာ။ အားလုံးသောမိသားစုတွေ တစ်ဦးနဲ့ တစ်ဦး ပိုင်ဆိုင်ထားတာ ဘာပိုင်ဆိုင်ထား..ခန္ဓာ။

အဲ့ဒီခန္ဓာကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဥာဏ်နဲ့ကြည့်ပြီး တော့ ပူလောင်မှု့တွေမဖြစ်ရအောင် အငှားပစ္စည်းလို့ဟောလိုက်တယ်။ ဘာပစ္စည်းတုန်းဟေ့..အငှားပစ္စည်း။ အ ငှားပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ်မပိုင်ဘူးနော်။

ကိုယ်မပိုင်တဲ့အရာကို ကိုယ်ပိုင်လုပ်ထားရင် ပင်ပန်း ပါတယ်။ ပူလောင်တယ် ဆင်းရဲတယ် ဒုက္ခတွေမကြီးဘူးလားဟေ့။ ကိုယ်မပိုင်တာကို မပိုင်တဲ့အတိုင်းထားလိုက် ရင်ငြိမ်းချမ်းသွားပြီ။

အဲ့ဒါကိုသူတော်စင်များက ကိုယ်ပိုင်ဆိုပြီး ဆုပ်ကိုင်ထားလိုက်တဲ့အတွက်ကြောင့်မို့လို့ ယ နေ့ပူလောင်နေတယ်နော်။ ငြိမ်းအေးမှု့မရဘူး မျက်ရည်ပေါက်ပေါက်ကျလောက်အောင်ကို တွေးမိတိုင်း တွေးမိ တိုင်းက မျက်လုံးနှစ်ဘက်က မျက်ရည်လေးတွေ တွဲကျနေတာက သက်သေခံနေပါတယ်။

ပူလောင်နေပြီ ပူဆွေးနေပြီ ယူကြုံးမရဖြစ်နေပြီ အဲ့ဒီလိုမျိုးဟေ့ ကိလေသာက အပူတွေလောင်လိုက်လို့ မျက်ရည်အဖြစ်ပြောင်း လဲသွားတာသည်ပင် ဘယ်လောက်သနားစရာကောင်းလဲမေးတော့ အဲ့ဒီပုဂ္ဂိုလ်အပါယ်လေးပါးကို ဇွတ်သွားနေ တဲ့အတွက်ကြောင့်မို့လို့ တကယ့်ကိုပဲ ကြောက်စရာ လန့်စရာအဖြစ်ကြီးသူမမြင်ရှာဘူးဆိုပြီးတော့ သူတော် ကောင်းတွေက သနားတယ်နော်။

ပြန်ကြည့်လိုက်တဲ့အခါကျတော့ ကိုယ်ရတဲ့ခန္ဓာကိုယ်ကြီးကရော တည်တံ့မှာ လား ပျက်စီးမှာလား..ပျက်စီးမှာပါ။ ခန္ဓာရတဲ့ပုဂ္ဂိုလ်တိုင်း ဇာတိကစပြီးတော့ ဇရာ မရဏလက်တွင်း တဖြည်း ဖြည်းနဲ့ မသက်ဆင်းဘူးလား။ အားလုံးသော ၃၁ဘုံသားတွေ ခန္ဓာရတယ်နော်။

အဲ့ဒီရတဲ့ခန္ဓာတိုင်းကို ဟောဒီ မ ရဏသေမင်း လက်တွင်းကနေ ခဏငှားထားတာ။ မရဏသေမင်းသူသတ်သမားထံကနေ ခဏငှားထားတာ။ ဒါ ဖြင့်ရင် ဒို့ရထားတဲ့ ခန္ဓာကိုယ်ကြီးက မရဏပိုင်တဲ့ပစ္စည်းပဲ။ ကိုယ်ပိုင်တာပါလား။ မရဏပိုင်တဲ့ပစ္စည်းမို့လို့ မရဏ ကတစ်နေ့ ပြန်သိမ်းသွားမှာပဲ။ သူ့ပိုင်ရှင်ကို ပြန်မအပ်ရဘူးလား..အပ်ရလား..အပ်ရတယ်။

သက်တမ်းကငှား ထားတဲ့ သက်တမ်းလေးကုန်ရင် ပြန်အပ်ရမယ်လေ။ အခုလည်းပဲ သေမင်းလက်ကငှားထားတဲ့ ဒီခန္ဓာဟာ သေ မင်းက အချိန်တန်ပြီ ပြန်အပ်တော့ဆိုရင် သေချာပေါက် ပြန်အပ်ရမှာ။

ဘယ်သူကလိုက်ပြီး တောင်းပန်လို့ရလဲ. မရပါဘူး။ ပြန်အပ်ချိန်တန်ရင် အပ်ရမှာပဲနော်။ မိမိတို့က အချိန်မတန်သေးလို့ မအပ်ရသေးတာပါ။ ငှားတဲ့ပစ္စည်း လေးက သက်တမ်းရှည်နေသေးတယ်ပေါ့နော်။

သူ့ဆီကငှားတဲ့ပစ္စည်း အချိန်တန်ရင်ပြန်အပ်ရတာ ဘယ်သူမှ ရှောင်လွှဲလို့မရဘူးလို့ အသိတစ်ချက်ကိန်းလိုက် ကိလေသာအပူမီးငြိမ်းတယ်ဟေ့။

ဒါကြောင့်မို့လို့ အခုထဲက ဘာခွဲ ခွဲရမယ်..ဥာဏ်ခွဲ ခွဲရမယ်...

ဆရာတော်အရှင်ပုညာနန္ဒ

ဘုရားရှင်ကိုယ်တော်မြတ်၏ တပည့်သား သံဃာတော်မြတ် အပေါင်းတို့အားရိုသေစွာ ရှိခိုးကန်တော့ပါ၏။_/|\ _/|\_ _/|\_

မနုနုယဉ်(ခ) တေးနုယဉ် FACEBOOK - https://www.facebook.com/nan.di.547

BY THIT HTOO LWIN
သရုပ်ဆောင် မင်းအုပ်စိုး သတ်လိုက်တဲ့ တေးနုယဉ် ရဲ့ facebook ပေါ်က နောက်ဆုံး ပို့စ် ၂ ခုမှာ ဘာတွေ တင်ထားလဲ သရုပ်ဆောင် မင်းအုပ်စိုး သတ်လိုက်တဲ့ တေးနုယဉ် ရဲ့ facebook ပေါ်က နောက်ဆုံး ပို့စ် ၂ ခုမှာ ဘာတွေ တင်ထားလဲ Reviewed by သစ်ထူးလွင် on 02:16 Rating: 5
Powered by Blogger.