အနောက်နိုင်ငံတွေ ရုရှားပြိုကွဲတာကို မြင်လိုကြလို့ ပူတင်စွပ်စွဲ

ရုရှားသမ္မတ ဘလာဒီမီယာ ပူတင် (Credit: Reuters) 
အနောက်တိုင်း ​နိုင်ငံတွေဟာ ​ရုရှားနိုင်ငံကို ​ကွဲသွားအောင် ​လုပ်ဆောင်နေတယ်လို့ ​ရုရှားသမ္မတ ​ဘလာဒီမီယာ ​ပူတင်က ​စွပ်စွဲလိုက်ပါတယ်။

ယူကရိန်းအရေးမှာ ​ရုရှားက ​ဝင်ရောက်စွက်ဖက်တယ်လို့ ​အနောက်တိုင်းက ​တမင်တကာ ​စွပ်စွဲပြီး ​သူ့နိုင်ငံအပေါ် ​ဒဏ်ခတ်ပိတ်ဆို့မှု ​လုပ်တာလို့ ​ပြောဆိုလိုက်ပါတယ်။

ယူကရိန်းအရေး ​မပေါ်လာဘူးဆိုရင် ​တခြားအကြောင်းအရာ ​တစ်ခုကို ​အကြောင်းပြပြီးတော့ ​ရုရှားနိုင်ငံ ​ပြိုကွဲအောင် ​အနောက်တိုင်းနိုင်ငံတွေက ​လုပ်ဆောင်မှာ ​ဖြစ်တယ်လို့လည်း ​ပြောလိုက်ပါတယ်။

ယူကိုဆလားဗီးယားနိုင်ငံ ​အစိတ်စိတ် ​အမွှာမွှာ ​ကွဲသွားသလို ​အနောက်တိုင်းနိုင်ငံတွေက ​ရုရှားကို ​ကွဲစေချင်တာလို့ ​ပြောပါတယ်။

ခရိုင်းမီးယား ​ကျွန်းဆွယ်ဒေသက ​ယူကရိန်းကနေ ​ခွဲထွက်ပြီး ​ရုရှားနဲ့ ​ပူးပေါင်းတဲ့အပေါ်မှာလည်း ​ကာကွယ်လိုက်ပြီး ​ဒီဒေသကို ​ရုရှားက ​သန့်ရှင်းတဲ့ ​နယ်မြေတစ်ခုလိုပဲ ​တန်ဖိုးထားတယ်လို့ ​ပြောလိုက်ပါတယ်။

ရုရှားနိုင်ငံအပေါ် ​အနောက်တိုင်းနိုင်ငံတွေက ​ဒဏ်ခတ်ပိတ်ဆို့မှုတွေ ​လုပ်ပြီးနောက် ​ရုရှား ​သမ္မတဟာ ​စီးပွားရေးနဲ့ ​စွမ်းအင်အရေးတွေမှာ ​ဖိအားပေးခံနေရပါတယ်။

စီးပွားရေး ​ပြန်လည်ဦးမော့လာအောင် ​ရုရှား ​သမ္မတကလည်း ​စီးပွားရေးသမားတွေကို ​မက်လုံးပေးလိုက်ပါတယ်။ ​အဲဒါတွေကတော့ ​အခွန်နှုန်းကို ​လေးနှစ်အတွင်း ​တိုးမြင့်ကောက်ခံမှာ ​မဟုတ်သလို၊ ​ပြည်ပက ​စီးပွားရှင်တွေ ​ရုရှားကို ​ပြန်လာပြီး ​စီးပွားလုပ်ရင်လည်း ​အခွန်တွေ ​တိုးကောက်မှာ ​မဟုတ်ဘူးလို့ ​ပြောလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-12-05/1396261

အနောက်နိုင်ငံတွေ ရုရှားပြိုကွဲတာကို မြင်လိုကြလို့ ပူတင်စွပ်စွဲ အနောက်နိုင်ငံတွေ ရုရှားပြိုကွဲတာကို မြင်လိုကြလို့ ပူတင်စွပ်စွဲ Reviewed by သစ်ထူးလွင် on 10:56 Rating: 5
Powered by Blogger.