ရဲတပ်ဖွဲ့ဝင် (၁)ဦး ဓါတ်လိုက်ခံရကာ သေဆုံးသွား ခဲ့သည့်အပြင် (၄)ဦးဒဏ်ရာရ


CCTV ကင်မရာ တပ်ဆင်ရာတွင် ၀င်ရောက်ကူညီ လုပ်ကိုင်ပေးခဲ့သူ ရဲတပ်ဖွဲ့ဝင် (၁)ဦး ဓါတ်လိုက်ခံရကာ သေဆုံးသွား ခဲ့သည့်အပြင် (၄)ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

၁၉.၁၂.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် အောင်မင်္ဂလာ အဝေးပြေးဝင်း၌ လုံခြုံရေး တာဝန် ဆောင်ရွက်နေသော လှိုင်သာယာမြို့နယ်၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(၉)မှ ရဲတပ်သားတစ်ဦးမှာ ဓါတ်လိုက်သေဆုံးပြီး ရောက်ရှိ နေကြောင်း သတင်းအရ
သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရဲတပ်သား ရှိုင်းထက်အောင်၊ (၁၉)နှစ် ဖြစ်ပြီး ယာလက်ဖျံနှင့် ၀ဲခြေထောက်တို့တွင် စုတ်ပြဲဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ အောင်မင်္ဂလာ အဝေးပြေးဝင်း၊ ဂိတ်(၃)တွင် ကုမ္ပဏီ ၀န်ထမ်းများမှ CCTV ကင်မရာများလာရောက် တပ်ဆင်ရာတွင် ၎င်းနှင့်အတူ လုံခြုံရေး တာဝန်ကျ ရဲတပ်သား နိုင်လင်း (၂၀)နှစ်၊ ရဲတပ်သား အောင်ကျော်လင်း(၂၀)နှစ်၊ စည်ပင်အခွန်ဌာနမှဝန်ထမ်း ကိုဥာဏ်ပိုင်ဦး (၂၁)နှစ်တို့မှ ၀င်ရောက်
ကူညီလုပ်ကိုင်ပေးခဲ့ကြောင်း၊ ထိုသို့ကူညီ လုပ်ကိုင်ပေးစဉ် သံပိုက်လုံးအား ၀ိုင်းဝန်းစိုက်ထူရာမှ အပေါ်၌သွယ်တန်းထားသော လျှပ်စစ်ဓါတ်အားပေးလိုင်း ကြိုးနှင့်ထိမိသဖြင့် ဓါတ်လိုက်ခံရကာ ဒဏ်ရာရသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့ဖြစ်ပွားခဲ့ရာတွင် အတူလုပ်ကိုင်သူ ရဲတပ်သားနိုင်လင်း၊ ရဲတပ်သား အောင်ကျော်လင်း၊ ကိုဥာဏ်ပိုင်ဦးနှင့် CCTV ကင်မရာလာရောက်တပ်ဆင် သည့်ကုမ္ပဏီမှဝန်ထမ်း ကိုဇာငြိမ်းနောင် (၂၂)နှစ်တို့တွင် ခန္ဓာကိုယ်၌ ပွန်းပဲ့၊ အရည်ကြည်ဖုထဒဏ်ရာများ အသီးသီးရခဲ့၍ မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ်ကုသခဲ့ရပါသည်။

ယင်းသို့ ရဲတပ်သားရှိုင်းထက်အောင် ဓါတ်လိုက်သေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ မင်္ဂလာဒုံမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၃၀/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ရဲတပ်ဖွဲ့ဝင် (၁)ဦး ဓါတ်လိုက်ခံရကာ သေဆုံးသွား ခဲ့သည့်အပြင် (၄)ဦးဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် (၁)ဦး ဓါတ်လိုက်ခံရကာ သေဆုံးသွား ခဲ့သည့်အပြင် (၄)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 19:38 Rating: 5
Powered by Blogger.