အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ရေး စတစ်ကာဖြန့် လှုပ်ရှားမှု စတင်


အမျိုးသား ပညာရေး ဥပဒေကို အလိုမရှိကြောင်း ကန့် ကွက်တဲ့အနေနဲ့ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်က စတစ်ကာဖြန့်ဝေတဲ့ လှုပ်ရှားမှုကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ညနေပိုင်းက ပြု လုပ်ခဲ့ပါတယ်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကော်မတီရဲ့ တောင်းဆို ချက်တွေကို ရက်ပေါင်း ၆၀ အတွင်း ဆောင်ရွက်ပေး ဖို့ တောင်းဆိုထားတာကို အစိုးရဘက်က အခုအချိန်အထိ တစ်စုံတရာ တုံ့ပြန်မှု မရှိသေးတာကြောင့် အခုလို စတစ် ကာလှုပ်ရှားမှုတွေ စတင် လုပ်ဆောင်ရတာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက ပြောပါတယ်။

"ဒီစတစ်ကာဖြန့်ခြင်းလုပ်တာဆိုတာကတော့ ရာဇသံပေးထားတဲ့ ရက်ပေါင်း ၆၀ ဆိုတာနီးလာ ပြီဖြစ်တယ်၊ အဲ့ဒီချိန်ထိ ဘာမှကိုအစိုးရဘက်ကနေ ပြီး ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ အပြောင်းအလဲတစ်စုံတရာ ဘာမှကိုဖြေကြားခြင်းမရှိသေးဘူး၊ ကျနော် တို့ကို ဆွေးနွေးညှိနှိုင်းခြင်းလဲမရှိသေးဘူး၊ လာမယ့်ရက်ပေါင်း ၆၀ အလွန်မှာ ကျနော် တို့လိုချင်တဲ့ အခွင့် အရေးတွေရဖို့ဆိုတာ ဆက်လက်ပြီးတိုက်ပွဲတွေဝင်ရမယ် ဆိုတာ ကြိမ်းသေပေါက် နီးပါး ကို သေချာနေပြီ၊ ဒါကြောင့်မို့လို့ ကျနော်တို့ ပြည်သူလူထုကို ကျနော်တို့ဘာတွေလှုပ်ရှားနေတယ်ဆိုတာကိုပြောနိုင်အောင်၊ ဆိုနိုင်အောင် ကျနော်တို့ က ပြည်သူနဲ့နီးစပ်အောင် လမ်းပေါ်ကို ထွက်လာပြီးတော့ ကျနော်တို့က စတစ် ကာ ဖြန့်ခြင်းကိုလုပ်ရတာပါ"

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေက အဲ့ဒီဥပဒေကို အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ်ပြုပြင်ပြောင်လဲမှု နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် NNER နဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မ တီတို့ ပါဝင်တဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီနေ့ မြို့တော်ခန်းမရှေ့မှာ လှုရှားခဲ့တဲ့ စတစ်ကာလှုပ်ရှားမှုကို ကဗျာဆရာများ သမဂ္ဂကလည်း ကဗျာတွေရွတ်ဆို ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ရေး စတစ်ကာဖြန့် လှုပ်ရှားမှု စတင် အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ရေး စတစ်ကာဖြန့် လှုပ်ရှားမှု စတင် Reviewed by သစ်ထူးလွင် on 21:28 Rating: 5
Powered by Blogger.