ဒေါ်ခင်ဝင်းသေဆုံးမှု အမြန်ဆုံး ဖော်ထုတ်ပေးရန် ဆန္ဒပြပွဲများ ပြုလုပ် (ဓာတ်ပုံ)



သတင်း ဓာတ်ပုံ အိမမမွန်
လက်ပံတောင်း အကြမ်းဖက်မှု ဖြိုခွင်းရာမှာ ကျည်ဆန်ထိမှန် သေဆုံး ခဲ့တဲ့ ဒေါ်ခင်ဝင်း သေဆုံးမှုကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ နဲ့ သေဆုံးသူ အတွက် မီးထွန်း ဆုတောင်းပွဲကို ဗကသကျောင်းသား ၃၀ လောက်က ဗိုလ်တစ်ထောင်ဘုရားမှာ ဒီဇင်ဘာ ၂၄ ရက် ည ၆ နာရီလောက်က ပြုလုပ်ခဲ့ပါတယ်။

အလားတူ လသာမြိ့နယ်လမ်း ၂၀ တရုတ်ဘုံကျောင်းရှေ့မှာ မျက်နှာဖုံးစွပ်ထားသူတဦးက မနေ့ညနေ ၅ နာရီလောက်မှာ လက်ပံတောင်းဒေသရှိ ပြည်သူတွေကို အကြမ်းဖက်တဲ့ အစိုးရနဲ့ တရုပ်ဝမ်ပေါင်ကုမ္ပဏီကို ရှုတ်ချကြောင်း စာရွက်တွေ ဖြန့်ဝေပြီးတကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒါပြင်တရုတ်လူမျိုးတွေရဲ့ သင်္ကေတဖြစ်တဲ့ အ၀တ်နီနဲ့ တရုတ်လူမျိုးတွေ အမင်္ဂလာ အခမ်းအနားမှာအသုံးပြုတဲ့ စာရွက်တွေကို လမ်းမတော်လသာလမ်းတလျှောက် ဖြန့်ကြဲတာတွေ၊ မီးရှို့တာတွေကိုလည်း၊ လုပ်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/74860

ဒေါ်ခင်ဝင်းသေဆုံးမှု အမြန်ဆုံး ဖော်ထုတ်ပေးရန် ဆန္ဒပြပွဲများ ပြုလုပ် (ဓာတ်ပုံ) ဒေါ်ခင်ဝင်းသေဆုံးမှု အမြန်ဆုံး ဖော်ထုတ်ပေးရန် ဆန္ဒပြပွဲများ ပြုလုပ် (ဓာတ်ပုံ) Reviewed by သစ်ထူးလွင် on 08:55 Rating: 5
Powered by Blogger.