အဲအေးရှားလေယာဉ် ခရီးသည်အလောင်း ၃ လောင်းသာ ဆယ်ယူနိုင်သေး


ခရီးသည် အလောင်းပေါင်း ၄၀ ကို တွေ့ရှိတယ်လို့ ရေတပ်က အစောပိုင်းမှာ ပြောခဲ့ပေမယ့် အခု အချိန် အထိ အလောင်း ၃ လောင်းကိုပဲ ပြန်ဆယ်နိုင်ပါ သေးတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့က ပျက်ကျခဲ့တဲ့ အဲအေးရှား လေယာဉ်ကို ဂျားဗားပင်လယ်ပြင်မှာ အပူတပြင်း ရှာဖွေနေပါတယ်။ ဘော်နီယိုကျွန်းကမ်းလွန်မှာ တွေ့ရတဲ့ အပိုင်းအစတွေဟာ အဲအေးရှားလေယာဉ်ဆီက အပိုင်းအစတွေဖြစ်တယ်ဆိုတာကို အင်ဒိုနီးရှား အရာရှိတွေက အတည်ပြုပါတယ်။

ဆူရာဘာယာ လေဆိပ်မှာ လေယာဉ်ပျောက်သတင်း စောင့်ဆိုင်းနေကြတဲ့ ခရီးသည်တွေရဲ့ မိဘဆွေမျိုးတွေကတော့ အခုကြားရတဲ့ သတင်းအပေါ်မှာ အလွန်စိုးရိမ်ထိတ်လန့်နေကြပါတယ်။ လေယာဉ်ခရီးစဉ် QZ8501 ဟာ အင်ဒိုနီးရှားနိုင်ငံကနေ စင်ကာပူနိုင်ငံကို ပျံသန်းရင်း ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်စောစောက ဂျာဗားပင်လယ်ပေါ်မှာ ပျောက်ဆုံးသွားခဲ့တာပါ။

ရာသီဥတုဆိုးဝါးလို့ လေယာဉ်လမ်းကြောင်း ပြောင်းပျံသန်းဖို့ လေယာဉ်မှူးတွေ တောင်းဆိုခဲ့ အပြီးမှာပဲ လေယာဉ်က ရေဒါကပျောက်သွားပြီး အရေးပေါ်အချက်ပေးမှုတွေလည်း မရရှိခဲ့ဖူးလို့ လေကြောင်း ထိန်းသိမ်းရေးစခန်းက ဆိုပါတယ်။

ဒီပျောက်ဆုံးနေတဲ့ AirBus A320 လေယာဉ်ဟာ ၂၀၀၈ ခုနှစ်က အဲအေးရှား အင်ဒိုနီးရှား လေကြောင်း လိုင်းမှာ စတင်ပျံသန်းတာ ဖြစ်ကြပြီး ပျံသန်းချိန်နာရီ ၂၃၀၀၀ ရှိခဲ့ပါတယ်။ လေယာဉ်ပေါ်မှာခရီးသည် ၁၅၅ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၇ ဦး စုစုပေါင်း ၁၆၂ ဦး လိုက်ပါ သွားခဲ့ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75599

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ