ဖူးခက်ကမ်းခြေတွင် ထိုင်းရဲများနှင့်နိုင်ငံခြားသားများ ပြဿနာတက် ဌာနပိုင်ပစ္စည်း များမငှားသဖြင့် နိုင်ငံခြားသားပိုင် ပစ္စည်းများကိုဖယ်ရှား

ဖူးခက် နိုဝင်ဘာ ၃ဝ

ထိုင်းနိုင်ငံ ဖူးခက်အပန်းဖြေ ကမ်းခြေတွင် ယမန်နေ့က ကမ်းခြေရဲများနှင့် နိုင်ငံခြားသား များ ပြဿနာတက်ခဲ့ကြပြီး ကမ်းခြေပစ္စည်း ငှားရမ်းသည့်ဌာနမှ ပစ္စည်းများကို မငှားရမ်း ဘဲ နိုင်ငံခြားသားများက ကိုယ်ပိုင်ပစ္စည်းများ ကို အသုံးပြုရာမှ ပြဿနာ ဖြစ်ခဲ့ခြင်းဖြစ် ကြောင်း၊ ကမ်းခြေရဲများက နိုင်ငံခြားသား များ၏ပစ္စည်းများကို သိမ်းယူခဲ့ကြောင်း DailyMailသတင်းဌာနကဖော်ပြထားသည်။

ကမ်းခြေတွင်အသုံးပြုသည့် ထီးများ၊ နေပူဆာလှုံရာတွင်အသုံးပြုသည့် ပက်လက် ကုလားထိုင်များ ၊ ခေါင်းအုံးများကို သက်ဆိုင် ရာမှ ငှားရမ်းအသုံးပြုရမည်ဖြစ်သော် လည်း နိုင်ငံခြားသားများကကိုယ်ပိုင်အသုံးအဆောင် များကို အသုံးပြုရာမှ ကမ်းခြေစောင့်ရဲများ နှင့် ပြဿနာတက်ခဲ့ခြင်း လည်းဖြစ်သည်။

အဆိုပါပြဿနာကြောင့် မကျေနပ်သည့် နိုင်ငံခြားသားတချို့၏ ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ သော်လည်း အာဏာပိုင်များက နိုင်ငံခြား သားများ၏ ကမ်းခြေသုံးပစ္စည်းများကို ဖယ် ရှားရန် ဆက်လက်အမိန့်ပေးခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့များက ပစ္စည်းများသိမ်း ယူချိန်တွင် နိုင်ငံခြားသားတချို့က ပစ္စည်း များဖြုတ်ပေးရန် ငြင်းဆန်ခဲ့ပြီး တချို့မှာ ၄င်းတို့၏ပစ္စည်းများကို ကမ်းခြေသဲသောင် ပြင်ထဲသို့ လွှင့်ပစ်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံခြားသားများနှင့် ကမ်းခြေရဲတပ်ဖွဲ့ ဝင် ၂ဝ ခန့် ပြဿနာဖြစ်ပွားခဲ့ချိန်တွင် ကမ်းခြေပျံကျဈေးသည်များက နိုင်ငံခြား သားများဘက်မှ အားပေးအော်ဟစ်ခဲ့ကြ ကြောင်း Daily Mailကဖော်ပြထားသည်။

နိုင်ငံခြားသားများထံမှ ပစ္စည်းများသိမ်း ယူရန် အမိန့်ပေးခဲ့သူမှာ ဖူးခက်အုပ်ချုပ်ရေး မှူးဖြစ်ပြီး ၄င်းက နောက်ဆက်တွဲပြဿနာ များအတွက် စိုးရိမ်ပူပန်ခြင်းကြောင့် အမိန့် ပေးခဲ့ခြင်းဖြစ်ကြောင်းပြော သည်။

နိုင်ငံခြားသားများ မကျေမနပ်နှင့်ဆန္ဒပြ နေချိန်တွင် ထိုင်းတော်ဝင်ရေတပ်မှ စစ်သား များရောက်ရှိလာခဲ့ပြီး အားလုံးကိုစုဝေးစေ ခဲ့ကြောင်း၊ ထို့နောက် နိုင်ငံခြားသားများ အနေဖြင့် ဥပဒေကို ချိုးဖောက်ခြင်းမရှိသည် ကို အသိပေးပြောကြားခဲ့ကြောင်း ၊ နိုင်ငံ ခြားသားများအနေဖြင့် ကိုယ်ပိုင်ကမ်းခြေသုံး ပစ္စည်းများကို ဖူးခက်ကမ်းခြေပေါ်သို့ ယူ ဆောင်ခွင့်ရှိသည်ဟု ပြောကြားခဲ့ကြောင်း ဖူးခတ်သတင်းဌာနက ဖော်ပြထားသည်။

T1P(Ref : Daily Mail)
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf


ဖူးခက်ကမ်းခြေတွင် ထိုင်းရဲများနှင့်နိုင်ငံခြားသားများ ပြဿနာတက် ဌာနပိုင်ပစ္စည်း များမငှားသဖြင့် နိုင်ငံခြားသားပိုင် ပစ္စည်းများကိုဖယ်ရှား ဖူးခက်ကမ်းခြေတွင် ထိုင်းရဲများနှင့်နိုင်ငံခြားသားများ ပြဿနာတက် ဌာနပိုင်ပစ္စည်း များမငှားသဖြင့် နိုင်ငံခြားသားပိုင် ပစ္စည်းများကိုဖယ်ရှား Reviewed by သစ်ထူးလွင် on 19:59 Rating: 5
Powered by Blogger.