သုံးခွမြို့နယ်၊ ပုလဲကျေးရွာမှာ ဂွန်ဒေါင်းယာဉ်မှ ကြိတ်မိခဲ့သဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ


ဂွန်ဒေါင်းယာဉ်အား ကျော်တက် မောင်းနှင်သည့် ဆိုင်ကယ် တိမ်းမှောက်သွားခဲ့ရာ ဆိုင်ကယ်ပေါ်ပါသူ (၂)ဦးအား ဂွန်ဒေါင်းယာဉ်မှ ကြိတ်မိခဲ့သဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

၁၂.၁၂.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်တွင် သုံးခွမြို့နယ်၊ ပုလဲကျေးရွာ၊ ရွာလယ်လမ်းအတိုင်း သန်လျင်မြို့နယ်၊ ကရင်ဆိပ်ကျေးရွာနေ ကိုမျိုးမင်းဇော် စီးနင်းမောင်းနှင်လာသော ၂၀ယ/--- JLM-110 အမျိုးအစားဆိုင်ကယ်သည် ၎င်းရှေ့မှ သုံးခွမြို့နယ်၊ ပုလဲကျေးရွာနေ ကိုရင်နွဲ့ (၃၄)နှစ် မောင်းနှင်နေသော စပါးအိတ်များတင်ဆောင်ထားသည့် ဂွန်ဒေါင်း အပြာရောင်ယာဉ်အား ၀ဲဘက်မှ ကျော်တက် မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ရာ ဆိုင်ကယ် နောက်တွင် စီးနင်းလိုက်ပါ လာကြသူများ ဖြစ်သည့် ကိုမျိုးမင်းဇော်၏ဇနီး မသန်းသန်းဆင့်နှင့် သားဖြစ်သူ မောင်ကောင်းထက်တို့မှာ ဂွန်ဒေါင်းယာဉ်၏ ၀ဲဘက် ရှေ့ဘီးနှင့် နောက်ဘီးကြားသို့ လွင့်စင်ကျသွားခဲ့ပြီး နောက်ဘီးဖြင့် ကြိတ်မိခဲ့ပါသည်။

ထိုသို့ ကြိတ်မိခဲ့သဖြင့် မသန်းသန်းဆင့်တွင် ၀ဲပေါင်စုတ်ပြဲဒဏ်ရာရရှိခဲ့သဖြင့် သန်လျင်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌သေဆုံးသွားခဲ့ပြီး မောင်ကောင်းထက်တွင် ၀မ်းဗိုက်ယာဘက်ပွန်းပဲ့စုတ်ပြဲ ဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်ကြသူများဖြစ်ကြသည့် ကိုရင်နွဲ့နှင့် ကိုမျိုးမင်းဇော်တို့အား သုံးခွမြို့မရဲစခန်း ယာဉ်(ပ)၂၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
သုံးခွမြို့နယ်၊ ပုလဲကျေးရွာမှာ ဂွန်ဒေါင်းယာဉ်မှ ကြိတ်မိခဲ့သဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ သုံးခွမြို့နယ်၊ ပုလဲကျေးရွာမှာ ဂွန်ဒေါင်းယာဉ်မှ ကြိတ်မိခဲ့သဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 20:22 Rating: 5
Powered by Blogger.