ဖော်မြူလာဝမ်း ချန်ပီယံ ၀က်ဘာ ကားတိုက်မှု ဖြစ်ပွားပြီး ဒဏ်ရာရရှိ

ဝါရင့် ဖော်မြူလာဝမ်း ကားမောင်းချန်ပီယံဟာင်း မတ်ခ်ဝက်ဘာဟာ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှာ နိုဝင်ဘာ ၃၀ ရက်နေ့က ကျင်းပတဲ့ ကမ္ဘာ့ချန်ပီယံပြိုင်ကားမောင်း ပြိုင်ပွဲမှာ ကားတိုက်မှု ဖြစ်ပွားပြီး ဒဏ်ရာရသွားပါတယ်။

ပြိုင်ကားမောင်းသမား ၀က်ဘာ မောင်းလာတဲ့ ပေါ်ရှေးပြိုင်ကားနဲ့ အီတလီက မတ်တီအို ခရီဆိုနီ မောင်းနှင်တဲ့ ဖယ်ရာရီပြိုင်ကားတို့ အရှိန်ပြင်းပြင်းနဲ့ ၀င်တိုက်ခဲ့တာပါ။

၁ နာရီ ကီလိုမီတာ ၃၀၀ လောက်အရှိန်နဲ့ မောင်းနှင်လာတဲ့ ပြိုင်ကား ၂ စီး တိုက်မိပြီး ကွန်ကရစ် အရံအတားတွေကို ထပ်မံ ၀င်တိုက်ကာ မီးစွဲလောင်သွားခဲ့တာကို ရုပ်သံဗွီဒီယိုတွေမှာ မြင်တွေ့ရ ဖြစ်ပါတယ်။

ကားမောင်းသူ ၂ ဦးစလုံးကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ကနဦးဆေးစစ်ချက်တွေအရ သူတို့နှစ်ဦးဟာ ကျေနပ်စရာ အခြေအနေ ရှိနေတယ်လို့ ပြိုင်ပွဲစီစဉ်တဲ့ အုပ်ချုပ်ရေးအဖွဲ့က က ပြောပါတယ်။

အသက် ၃၈ နှစ် အရွယ် ၀က်ဘာဟာ ဖော်မြူလာဝမ်းပြိုင်ပွဲတွေမှာ ၁၂ နှစ်ကြာ ပါဝင်ခဲ့ပြီးနောက် မနှစ်ကမှ အနားယူခဲ့တာပါ။

By ဒီဗွီဘီ
http://burmese.dvb.no/archives/72442

ဓာတ်ပုံ – Mark Webber FB

ဖော်မြူလာဝမ်း ချန်ပီယံ ၀က်ဘာ ကားတိုက်မှု ဖြစ်ပွားပြီး ဒဏ်ရာရရှိ ဖော်မြူလာဝမ်း ချန်ပီယံ ၀က်ဘာ ကားတိုက်မှု ဖြစ်ပွားပြီး ဒဏ်ရာရရှိ Reviewed by သစ်ထူးလွင် on 04:14 Rating: 5
Powered by Blogger.