ညောင်လေးပင်မြို့၌ လမ်းလျှောက်လာသူ ကားနှင့်ချိတ်မိရာမှ ဗိုက်ပွင့်ထွက် ဒဏ်ရာများဖြင့် သေဆုံး


ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်မြို့ မှာ လမ်းလျှောက်လာသူ တစ်ဦး ကားနှင့် ချိန်မိရာမှ သေဆုံးမှု ဖြစ်ပွါးခဲ့ကြောင်း သိရပါတယ်။

ညောင်လေးပင်မြို့ ၊ မြို့ မရဲစခန်းမှ ဒုရဲအုပ်မျိုးမင်းအောင် တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် ဒီဇင်ဘာလ(၁၂)ရက်နံနက်(၈း၄၅)နာရီ အချိန်တွင် ယာဉ်တိုက်မှု ဖြစ်ကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ရန်ကုန်- မန္တလေးလမ်း မိုင်တိုင်အမှတ် ၉၈/၉၉ ကြားတွင် ရန်ကုန် မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ယာဉ်မောင်း ဇော်မိုးလွင်(၃၂)နှစ် (ဘ) ဦးကျော်ကျော် စံပယ်ပင်ရွာ ကျောက်ပန်းတောင်းမြို့ နေသူ မောင်းနှင်လာသော( ၅ခ/ ------ )NISSAN DIESEL အမျိုးအစား အပြာရောင်ယာဉ်အား မောင်းလာစဉ် ၊ ၄င်းလမ်းအတိုင်းလမ်းလျှောက်လာသူ ဦးအောင်မြင့်(၅၅)နှစ် ကျောက်တံခါးမြို့ နေသူအား ကား၏ ညာဖက်နောက်ခြမ်းနှင့် ချိတ်မိရာ ၀ဲပေါင်စုတ်ပြဲဒဏ်ရာ၊ ညာလက်စုတ်ပြဲဒဏ်ရာ၊ ခါးစုတ်ပြဲဒဏ်ရာ၊ ဗိုက်ပွင့်ဒဏ်ရာများဖြင့် သေဆုံးခဲ့တာကို တွေ့ ရှိရသည်။

သို့ ပါ၍ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဇော်မိုးလွင်အား ဥပဒေအရ အရေးယူပေးပါရန် ဒုရဲအုပ်မျိုးမင်းအောင်မှ တရားလို ပြုလုပ်တိုင်တန်းသဖြင့် ညောင်လေးပင်မြို့ မရဲစခန်းမှ ယာဉ်(ပ)၄၃/၁၄ ပြစ်မှု့ ပုဒ်မ ၃၀၄ -က ဖြင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

ခင်မောင်လွင် / ညောင်လေးပင်မြို့ 

BY THIT HTOO LWIN
ညောင်လေးပင်မြို့၌ လမ်းလျှောက်လာသူ ကားနှင့်ချိတ်မိရာမှ ဗိုက်ပွင့်ထွက် ဒဏ်ရာများဖြင့် သေဆုံး  ညောင်လေးပင်မြို့၌ လမ်းလျှောက်လာသူ ကားနှင့်ချိတ်မိရာမှ ဗိုက်ပွင့်ထွက် ဒဏ်ရာများဖြင့် သေဆုံး Reviewed by သစ်ထူးလွင် on 22:46 Rating: 5
Powered by Blogger.