၂၀၁၅ အတွက် ခရီးသွားရောက်ရန် အကောင်းဆုံး ၁၀ နေရာတွင် မြန်မာနိုင်ငံ ထိပ်ဆုံးမှ ပါဝင်


ဗြိတိန်နိုင်ငံ၊ အီဒင်ဘာမြို့အခြေစိုက် ခရီးသွား ရှာဖွေမှု ကုမ္ပဏီ Sky scanner က မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်အတွက် ခရီးသွားရန် အကောင်းဆုံး ၁၀ နေရာတွင် ထိပ်ဆုံး၌ ပါဝင်နေကြောင်း ဖော်ပြသည်။ လာမည့် နှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား လာရောက်မှု ၅၉ ရာခိုင်နှုန်း တိုးတက်ဖွယ်ရှိပြီး မြန်မာနိုင်ငံ၏ နောက်တွင် ဂျပန် ၂၆ ရာခိုင်နှုန်းနှင့် သီရိလင်္ကာ ၁၉ ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း Sky scanner က ဖော်ပြသည်။

၂၀၁၅ ခုနှစ်အတွက် ခရီးသွားလာရန် အကောင်းဆုံး(၁၀)နေရာတွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ရှိနေပြီး မြန်မာ နိုင်ငံ၏နောက်တွင် ဂရိ၊ အိုက်စလန်၊ ဘရာဇီး၊ ပနားမား၊ နယူးကာလီဒိုးနီးယား၊ တောင်ကိုရီးယား၊ နိုကာရာ ကွာနှင့် ဂျပန်နိုင်ငံတို့ အသီးသီးရှိကြသည်။ ထိပ်တန်း ၁၀ နေရာစာရင်းတွင် အာရှ-ပစိဖိတ်ဒေသမှ လေးနိုင်ငံ ပါဝင်ပြီး တောင်ကိုရီးယားက အဆင့်- ၇၊ သီရိလင်္ကာအဆင့် ၈ နှင့် ဂျပန်နိုင်ငံက အဆင့် ၁၀ ၌ ရှိကြသည်။

မြန်မာနိုင်ငံသည် လာမည့်နှစ်တွင် သြစတြေးလျခရီးသွားများအတွက် နံပါတ်-၁ ဦးစားပေးခရီးသွားနေရာဖြစ် လာနိုင်သည်ဟု Sky scanner က ဖော်ပြသည်။ ဆက်လက်ပြီး ခရီးသွားရှာဖွေမှု ကုမ္ပဏီက ဟီလ်တန်အုပ်စု၊ ရှန်ဂရီလာအုပ်စု၊ Pan Pacific ဟိုတယ်များအုပ်စုနှင့် Best Wester စသည့် ကမ္ဘာကျော်ဟိုတယ်အုပ်စုများ ၀င်ရောက်ရင်းနှီးမြှုပ်နှံလာခြင်းကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပိုမိုစည်ပင်ဖွံ့ဖြိုးလာမည်ဟုလည်း ဖော် ပြသည်။

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန၏အဆိုအရ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၁,၆၀၄,၇၄၆ ဦး ၀င်ရောက်ခဲ့ပြီး ယမန်နှစ် အလားတူကာလ ဧည့်သည် ၁,၁၂၁,၇၉၅ ဦးနှင့် နှိုင်းယှဉ်လျှင် ခရီးသွားများလာရောက်မှု ၄၃ ရာခိုင်နှုန်းတိုးတက်လာကြောင်း သိရသည်။

မြန်မာအစိုးရက ၂၀၁၄ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၃ သန်းနှင့် ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၅ သန်း လာ ရောက်မည်ဟု ခန့်မှန်းသည်။

Ref : GNLM
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
၂၀၁၅ အတွက် ခရီးသွားရောက်ရန် အကောင်းဆုံး ၁၀ နေရာတွင် မြန်မာနိုင်ငံ ထိပ်ဆုံးမှ ပါဝင် ၂၀၁၅ အတွက် ခရီးသွားရောက်ရန် အကောင်းဆုံး ၁၀ နေရာတွင် မြန်မာနိုင်ငံ ထိပ်ဆုံးမှ ပါဝင် Reviewed by သစ်ထူးလွင် on 21:19 Rating: 5
Powered by Blogger.