ဖမ်းဆီးခံ ဗိုလ်ချုပ်ကြီး လွတ်မြောက်လာ

ကိုလံဘီယာ နိုင်ငံမှာ လက်ဝဲဝါဒီ သူပုန် FARC အဖွဲ့ ရဲ့ ဒီလ အစောပိုင်းက ဖမ်းဆီး ခေါ်ဆောင် သွားတာ ခံခဲ့ရတဲ့ အစိုးရ စစ်တပ်က ဗိုလ်ချူပ်ကြီး ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ပါတယ်။

အခုဆိုရင် လွတ်မြောက် လာတဲ့ ဗိုလ်ချူပ်ကြီး ရူဘင် ဒါရီအို အယ်လ်ဇာတေး နဲ့ အခြား ၂ ဦးဟာ မက်ဒယ်လ်လင်း မြို့က အစိုးရ စစ်တပ် အခြေစိုက် စခန်းကို ရောက်ရှိ သွားပြီ ဖြစ်ပြီး၊ ကျန်းမာရေး အရလည်း ကောင်းမွန် နေကြတယ် လို့ သိရပါတယ်။

ဗိုလ်ချူပ်ကြီး အယ်လ်ဇာတေး ပြန်ပေးဆွဲ ခေါ်ဆောင် သွားတာ ခံခဲ့ ရတဲ့နောက်၊ ကိုလံဘီယာ အစိုးရက FARC သူပုန်တွေနဲ့ ငြိမ်းချမ်းရေး စကားပြောဆို နေမှုတွေကို ရပ်ဆိုင်း ပစ်ခဲ့ပါတယ်။

အခု ဗိုလ်ချူပ်ကြီး အယ်လ်ဇာတေး ပြန်လွတ် လာပြီမို့၊ ခန့်မှန်းခြေ လူ ၂ သိန်း သေဆုံး ခဲ့ရပြီး ဖြစ်တဲ့ ကိုလံဘီယာ ရဲ့ အနှစ် ၅၀ လက်နက်ကိုင် ပဋိပက္ခကို အဆုံး သတ်နိုင်ရေး အတွက်၊ စကားပြောပွဲတွေ ပြန်လည် စတင်ဖို့ မျှော်လင့်ချက် ရှိလာပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/11/141130_colombia_farc_released

သူပုန်တွေ လက်ထဲက ပြန်လွတ်လာတဲ့ ဗိုလ်ချုပ်ကြီး အယ်လ်ဇာတေးဟာ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံ ဗိုလ်ချုပ်ကြီး လွတ်မြောက်လာ ဖမ်းဆီးခံ ဗိုလ်ချုပ်ကြီး လွတ်မြောက်လာ Reviewed by သစ်ထူးလွင် on 04:38 Rating: 5
Powered by Blogger.