သိမ်းဆည်းခံ လယ်မြေပြန်ရရေး လယ်သမား ဆွေးနွေးပွဲ တောင်းဆို


စစ်ကိုင်းတိုင်း ဒေသကြီး ခရိုင် ၆ ခုမှာ သိမ်းဆည်း ခံထားရတဲ့ လယ်ယာ မြေတွေကို ပြန်ပေးဖို့နဲ့ ဖမ်းဆီး ခံထားရတဲ့ တောင်သူ ၇ ဦးကိုလွှတ်ပေးဖို့ ကလေးမြို့မှာ ဒီကနေ့ကျင်းပတဲ့ တောင်သူ လယ်သမား ဆွေးနွေးပွဲကနေ တောင်းဆို လိုက်ပါတယ်။

ဖမ်းဆီးထောင်ချခံရသူတွေရဲ့ အမှုတွေကိုလည်း ရုတ်သိမ်းပေးဖို့ ဒီဆွေးနွေးပွဲကနေ တောင်းဆိုကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ဖို့ စီစဉ်သူတစ်ဦးဖြစ်သူ "တမူးချင်းတွင်းလူငယ်ကွန်ယက်" အဖွဲ့ဝင် ကိုကျော်သက်ဝင်းက ပြောပါတယ်။

"အဓိကတော့ ကျေးလတ်ဒေသတစ်လျောက်လုံးမှာရှိတဲ့ လယ်ယာမြေ သိမ်းဆည်းမှုတွေနဲ့ပတ်သက်မှ ကော်မရှင်အနေနဲ့ တိုင်ကြားထားတဲ့စာတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့နဲ့ ဒါပြီးရင် ဒီဘက်မှာရှိခဲ့တဲ့ တပ်မတော်ကနေ စွန့်လွှတ်လိုက်တဲ့မြေတွေမှာ ပွင့်လင်းမြင်သာမှုရှိပါလျက်နဲ့ မူလပိုင်ရှင်တွေလက်ထဲကို ပြန်ရဖို့ရယ်၊ ဖမ်းဆီးထားတဲ့ ပြစ်ဒဏ်ကျနေတဲ့ တောင်သူလယ်သမားတွေကို အမြန်ဆုံး ဒီဘက်ကနေပြီးမှ ဥပဒေလမ်းကြောင်းအရ အမြန်ဆုံးဖြေရှင်းပေးဖို့နဲ့ ဥပဒေအရတရားစွဲထားတဲ့ ကိစ္စတွေကိုလည်းဖြေလျော့ပေးဖို့ ကျနော်တောင်းဆိုတယ်ဗျ၊ ဒီဘက်က ခရိုင်ရုံးတွေအားလုံးရယ် ကျနော်တို့ ဒီဘက်မှာရှိတဲ့ ဗန်းမော်ဒေသပေါ့နော်၊ ဒီဘက်မှာရှိတဲ့ နယ်စပ်မြို့တွေ အားလုံးကိုတောင်းဆိုရမှာဗျ"

ကလေး၊ တမူး၊ မော်လိုက်နဲ့ ခန္တီး စတဲ့ခရိုင် ၆ ခုမှာ တပ်မတော်က သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက တစ်ထောင်နီးပါး ရှိနေပြီး အဲ့ဒီလယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်တဲ့အတွက် တရားစွဲခံထားရတဲ့ တောင်သူ ၇ ဦးရှိတယ်လို့ သိရပါတယ်။

တောင်သူလယ်သမားဖိုရမ်ကို ၂ ရက်ကြာ ကျင်းပမှာဖြစ်ပြီး တောင်သူလယ်သမားသမဂ္ဂတွေ၊ ဒေသခံတောင်သူတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်း ၅ဝ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်နေကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf
သိမ်းဆည်းခံ လယ်မြေပြန်ရရေး လယ်သမား ဆွေးနွေးပွဲ တောင်းဆို သိမ်းဆည်းခံ လယ်မြေပြန်ရရေး လယ်သမား ဆွေးနွေးပွဲ တောင်းဆို Reviewed by သစ်ထူးလွင် on 21:38 Rating: 5
Powered by Blogger.