သုံးခွမြို့နယ်၊ စစ်ကုန်းတောစွန်း လူသတ်မှုမှ သေဆုံးအောင် ၀ိုင်းဝန်း ရိုက်နှက်ခဲ့သူ (၄)ဦးအား ဖမ်းဆီးရမိ


အရက်သောက်ရင်း စကားများခဲ့သည့် ကိစ္စကို မကျေနပ်ဖြစ်ကာ သေဆုံးအောင် ၀ိုင်းဝန်း ရိုက်နှက်ခဲ့သူ (၄)ဦးအား ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

၂၉.၁၁.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်တွင် သုံးခွမြို့နယ်၊ စစ်ကုန်းတောစွန်း ကျေးရွာအုပ်စု၊ တောစွန်း ကျေးရွာနေ ဦးအောင်ကြိုင်သည် နေအိမ်တွင်ရှိနေစဉ် သားဖြစ်သူ မောင်ခင်(၃၅)နှစ်မှာ ရွာတောင် ပိုင်းရိုးပြတ်ချောင်းဘေးတွင် အရိုက်ခံထားရကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ပါသည်။

ထိုသို့ သွားရောက်ကြည့်ရှုရာ သားဖြစ်သူမှာ ဖူးရောင်၊ ပေါက်ပြဲဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိရသဖြင့်မေးမြန်းခဲ့ရာ သုံးခွမြို့နယ်၊ တင်းတောင်းချောင် ကျေးရွာနေ မြင့်နိုင်၊ ညီညီဆွေ၊ ၀င်းဌေးနှင့်သက်ဝေဖြိုးတို့(၄)ဦးတို့မှ လွန်ခဲ့သော (၃)လခန့်က အရက်သောက်ရင်း စကားများခဲ့သည့် ကိစ္စကို မကျေနပ်ဖြစ်ကာ ၀ါးတုတ်များဖြင့် ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြကြောင်း ပြောပြသိရှိရပြီး သားဖြစ်သူမှာ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌သေဆုံးသွား ခဲ့သောကြောင့် မြင့်နိုင်ပါ(၄)ဦးတို့အား အရေးယူပေးရန် တိုင်တန်းခဲ့ပါသည်။

တိုင်တန်းချက်အရ သုံးခွမြို့မရဲစခန်း(ပ)၄၃၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူး လွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှု ကျူးလွန်သူများအား ဖမ်းဆီးရမိရေး အတွက် သုံးခွမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ စုံစမ်း ဆောင်ရွက်ခဲ့ရာ ၃၀.၁၁.၂၀၁၄ ရက်နေ့တွင် မြင့်နိုင်အား လည်းကောင်း၊ ၃.၁၂.၂၀၁၄ ရက်နေ့တွင် သက်ဝေဖြိုးအား လည်းကောင်း၊ ၁၀.၁၂.၂၀၁၄ ရက်နေ့တွင် ညီညီဆွေနှင့် ၀င်းဌေးတို့အား လည်း ကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ဆက်လက်စစ်ဆေး အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
သုံးခွမြို့နယ်၊ စစ်ကုန်းတောစွန်း လူသတ်မှုမှ သေဆုံးအောင် ၀ိုင်းဝန်း ရိုက်နှက်ခဲ့သူ (၄)ဦးအား ဖမ်းဆီးရမိ သုံးခွမြို့နယ်၊ စစ်ကုန်းတောစွန်း လူသတ်မှုမှ သေဆုံးအောင် ၀ိုင်းဝန်း ရိုက်နှက်ခဲ့သူ (၄)ဦးအား ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 09:30 Rating: 5
Powered by Blogger.