နှစ်ကူးနှင့်သင်္ကြန်တွင် အရက်တားမြစ်ရန် အဆိုပြုချက် ထိုင်းပယ်ချ


နှစ်ကူးနဲ့ ဆောင်ခရမ် (သင်္ကြန်)  အားလပ်ရက်တွေမှာ အရက်ရောင်းချတာကို တားမြစ်ဖို့ အဆိုပြုချက်ကို ထိုင်းနိုင်ငံ  အဖျော်ယမကာ ထိန်းချုပ်ရေးကော်မတီက ပယ်ချလိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီး ရာဂျတာ ရာဇတ်တန်နာဗင်က လူအများအပေါ် အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး အဆိုပြုချက်က အသေးစိတ် လေ့လာမှုနဲ့ လူတွေရဲ့ အမြင် စစ်တမ်းတွေ ပိုလိုအပ်တယ်လို့ ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက်မှာ ရောဂါထိန်းချုပ်ရေး ဌာနက မတော်တဆ မှုကြောင့် သေကျေ တာတွေ လျော့နည်းဖို့ ဒီဇင်ဘာ ၃၁ ကနေ ဇန်န၀ါရီ ၁ ရက်အထိ၊ ဧပြီ ၁၃-၁၅ အထိ နှစ်စဉ် အရက်ကို တားမြစ်ဖို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အရက်ကို ဆိပ်ကမ်းတွေ၊ ကားဂိတ်တွေ၊ အစိုးရဌာန၊ ပညာရေးနဲ့ ပတ်သက်တဲ့နေရာ အနီးမှာ ရောင်းချတာကို တားမြစ်ဖို့နဲ့ ၀ါထွက်တဲ့ရက်မှာ မရောင်းချဖို့ သဘောတူညီခဲ့ပါတယ်။

လက်ရှိ ထိုင်းမှာတော့ ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ အခါကြီး ရက်ကြီးတွေမှာ မရောင်းချဖို့ တားမြစ်ထားပါတယ်။

အရင်ရက်ပိုင်းက ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက နှစ်သစ် အားလပ်ရက်မှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာမှာ အရက်ကို မတားမြစ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

 By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/74376
နှစ်ကူးနှင့်သင်္ကြန်တွင် အရက်တားမြစ်ရန် အဆိုပြုချက် ထိုင်းပယ်ချ နှစ်ကူးနှင့်သင်္ကြန်တွင် အရက်တားမြစ်ရန် အဆိုပြုချက် ထိုင်းပယ်ချ Reviewed by သစ်ထူးလွင် on 19:36 Rating: 5
Powered by Blogger.