စမတ်ဖုန်းဖြင့် တက္ကစီငှားသည့်လုပ်ငန်း တရားမ၀င်ဟု ထိုင်းကြေညာ

ဓာတ်ပုံ – ရိုက်တာ
ထိုင်းနိုင်ငံမှာ အူဘား application နဲ့ စမတ်ဖုန်း တွေကနေ တက္ကစီငှားတဲ့ လုပ်ငန်းကို တရားမ၀င်ဘူးလို့ ဒီဇင်ဘာ ၉ ရက်နေ့က ထိုင်းကုန်းလမ်း ပို့ဆောင်ရေး ၀န်ကြီးဌာနက ကြေညာပါတယ်။

အဲ့ဒီ အူဘား app နဲ့ တက္ကစီငှားတဲ့ လုပ်ငန်းကို အိန္ဒိယနိုင်ငံမှာ ပိတ်ပင်ခဲ့တဲ့ တရက်မှာပဲ ထိုင်းနိုင်ငံကလည်း ပိတ်ပင်လိုက်တာပါ။

အူဘား app ကိုသုံးပြီး တက္ကစီငှားစီးခဲ့တဲ့ အိန္ဒိယ စာရင်းကိုင်အမျိုးသမီးတဦးတဦး နယူးဒေလီမြို့မှာ ဒီဇင်ဘာ ၅ ရက်နေ့ညက တက္ကစီယာဉ်မောင်းရဲ့ အဓမ္မပြုကျင့်ခံခဲ့ရတာပါ။

ထိုင်းနိုင်ငံ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဝန်ကြီး ညွှန်ကြားရေးမှူးချုပ်က အူဘား app ကို သုံးပြီး တရားဝင်မှတ်ပုံတင်တဲ့ယာဉ်ရော၊ မတင်တဲ့ယာဉ်တွေပါ အငှားယာဉ်လုပ်ငန်းကို လုပ်နေကြတယ်။ အငှားယာဉ်အဖြစ် မှတ်ပုံမတင်ထားတဲ့ ကိုယ်ပိုင်ယာဉ်တွေနဲ့ စီးပွားလုပ်ရင် တရားဥပဒေချိုးဖောက်တာဖြစ်လို့ ပိတ်ပင်ရမယ်လို့ ပြောဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ အူဘား၊ GrabTaxi နဲ့ EasyTaxi ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးအပြီး ထိုင်းကုန်းလမ်းပို့ဆောင်ရေး၊ ညွှန်ကြားရေးမှူးချုပ်က အခုလို ထုတ်ဖော်ပြောဆိုတာလည်း ဖြစ်ပါတယ်။

အငှားယာဉ်မောင်းသူနဲ့ ငှားသူ အင်တာနက်မှာ တိုက်ရိုက်ချိတ်ဆက်ပြီး တက္ကစီငှားတဲ့ လုပ်ငန်းဟာ ကမ္ဘာ့မြို့ကြီးတွေမှာ ရေပန်းစားနေပါတယ်။

ထိုင်းနိုင်ငံမှာလည်း ရေပန်းစားလာပြီး ကိုယ်ပိုင်ကားတွေနဲ့ လုပ်ကိုင်နေကြတာ သူ့ဈေးကွက်နဲ့ သူ့ပေါက်ဈေးနဲ့ သူရှိနေပါတယ်။ တခြား ၂ ခုဖြစ်တဲ့ GrabTaxi နဲ့ EasyTaxi ကတော့ ပုံမှန် တက္ကစီမီတာတွေ ဖြစ်ကြပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံမတင်ဘဲ ကိုယ်ပိုင်ယာဉ်နဲ့ စီးပွားလုပ်စားရင် အမေရိကန် ၆၁ ဒေါ်လာ ဒဏ်ကြေးငွေပေးဆောင်ရမှာ ဖြစ်ပြီး ဒီနှုန်းကို တိုးမြှင့်ဖို့ လုပ်နေတယ်လို့လည်း ညွန်ချုပ်က ဆိုပါတယ်။

အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အူဘား ကုမ္ပဏီကိုယ်စားလှယ်ကတော့ အူဘား ပိတ်ပင်ခံရတာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/73394
စမတ်ဖုန်းဖြင့် တက္ကစီငှားသည့်လုပ်ငန်း တရားမ၀င်ဟု ထိုင်းကြေညာ စမတ်ဖုန်းဖြင့် တက္ကစီငှားသည့်လုပ်ငန်း တရားမ၀င်ဟု ထိုင်းကြေညာ Reviewed by သစ်ထူးလွင် on 12:28 Rating: 5
Powered by Blogger.