လိုင်ဇာမြို့က KIA ဗိုလ်သင်တန်းကျောင်းပေါ် လက်နက်ကြီးကျ ၂၀ဦးသေ၊ ၁၆ဦး ဒဏ်ရာရဟုဆို

ဒီကနေ့ နေ့လယ်ပိုင်းက ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်မတော်ဌာနချုပ်ရှိရာ လိုင်ဇာမြို့က ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း အဆောက်အဦပေါ်ကို အစိုးရတပ်ဖက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ခဲ့လို့ ၂၀ ဦးသေဆုံးပြီး ၁၆ ယောက်ဒဏ်ရာရသွားတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦလမိုင်ဂွန်ဂျာက ဘီဘီစီကို ပြောပါတယ်။ မန်စီ မြို့နယ်မှာ ရှိတဲ့ ကေအိုင်အေ တပ်ရင်း (၁၆)၊ (၁၇) အခြေစိုက်ဒေသတွေမှာလည်း အစိုးရတပ်နဲ့ တိုက်ပွဲငယ်တွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ဓါတ်ပုံ - အင်တာနက် 

လိုင်ဇာမြို့က KIA ဗိုလ်သင်တန်းကျောင်းပေါ် လက်နက်ကြီးကျ ၂၀ဦးသေ၊ ၁၆ဦး ဒဏ်ရာရဟုဆို လိုင်ဇာမြို့က KIA ဗိုလ်သင်တန်းကျောင်းပေါ် လက်နက်ကြီးကျ ၂၀ဦးသေ၊ ၁၆ဦး ဒဏ်ရာရဟုဆို Reviewed by သစ်ထူးလွင် on 17:35 Rating: 5
Powered by Blogger.