IS အပါအဝင် အစွန်းရောက်တွေနဲ့ ပူးပေါင်းဖို့ သွားသူတွေ တစ်သောင်းခွဲလောက် ရှိ

ဆီးရီးယားနဲ့ အီရတ် တို့မှာ ရှိတဲ့ IS အစွန်းရောက် အဖွဲ့ အပါအဝင် အခြား ဂျီဟတ်ဝါဒီ တိုက်ခိုက်ရေး သမားတွေဆီကို ပူးပေါင်းဖို့ ကမ္ဘာ တလွှားကနေ သွားရောက် ကြသူတွေပေါင်း တစ်သောင်းခွဲလောက် ရှိတယ် လို့ ကုလသမဂ္ဂ ရဲ့ အစီရင် ခံစာ တစ်စောင် ထဲမှာ ဆိုပါတယ်။

အဲဒီ့ အစီရင်ခံစာ ကို လုံခြုံရေး ကောင်စီထံ တင်သွင်းခဲ့တာ ဖြစ်ပြီး၊ ကမ္ဘာတလွှား လို့ ဆိုရာမှာ နိုင်ငံပေါင်း ၈၀ ကျော်တယ် လို့ ရေးသား ထားပါတယ်။

အခုဆိုရင် အစွန်းရောက် သမားတွေ ဆီမှာ ဗုံးလုပ်နည်း အသစ် တစ်ခုလည်း ရှိနေပြီ ဆိုတဲ့ အထောက် အထားတွေ ရထားကြောင်း လည်း အစီရင်ခံစာ က ဆိုပါတယ်။

အဖွဲ့တွေ အနေနဲ့ နာမည်တွေ ဘယ်လိုကွဲကွဲ၊ အယ်ကိုင်းဒါး ခေါင်းဆောင်တွေပဲ ဖြစ်ဖြစ်၊ IS ခေါင်းဆောင်တွေပဲ ဖြစ်ဖြစ်၊ သူတို့မှာ တူညီတဲ့ မဟာဗျူဟာမြောက် ဘုံ ရည်မှန်းချက် ပန်းတိုင် ရှိကြတယ် ဆိုပြီး အစီရင်ခံစာ ထဲမှာ ဖော်ပြ ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/10/141031_un_report_is

အစွန်းရောက်တွေဆီမှာ ဗုံးလုပ်နည်း အသစ် တွေ ရှိနေပြီလို့ ကုလ အစီရင်ခံစာ မှာ ရေးသားထား။

IS အပါအဝင် အစွန်းရောက်တွေနဲ့ ပူးပေါင်းဖို့ သွားသူတွေ တစ်သောင်းခွဲလောက် ရှိ IS အပါအဝင် အစွန်းရောက်တွေနဲ့ ပူးပေါင်းဖို့ သွားသူတွေ တစ်သောင်းခွဲလောက် ရှိ Reviewed by သစ်ထူးလွင် on 09:57 Rating: 5
Powered by Blogger.